နားဝင်ပီယံ ချို ပြီး လှပတဲ့ တေးသီချင်း များ စွာကို သီဆိုခဲ့ပြီး အရမ်းပျော်တတ်တဲ့အမူအကျင့်ကြောင့် ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားရုံသာမက လူချစ်လူခင်ပေါများတဲ့ အနုပညာရှင်လို့ဆိုလာရင်တော့ တေးသံရှင် မေခလာ ကိုပဲ ဖော်ပြရမှာဖြစ်ပါတယ်။


မေခလာ ဟာ အနုပညာလောကမှာ တေးသံရှင် အဖြစ်သော်လည်းကောင်း ၊ မင်းသမီးအဖြစ်သော်လည်းကောင်း အစရှိတဲ့ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့ပြီး သူမနဲ့ သိတဲ့ အနုပညာရှင်ပေါင်းလည်းမနည်းတဲ့ သူတစ်ယောက်ပါ။


ယမန်နေ့ မတ်လ(၃)ရက်နေ့ဟာ တေးသံရှင် ဦးချစ်ကောင်း ရဲ့မွေးနေ့ဖြစ်ပါတယ်။ သူမဟာ သူမရဲ့အနုပညာရှင်မောင်နှမ ဖြစ်တဲ့ ဦးချစ်ကောင်းအတွက် သူမတို့ငယ်စဥ် သီချင်းများဆိုခဲ့စဥ်ကာလက အမှတ်တရပုံလေးနဲ့ ဆုမွန်ကောင်းတောင်းပေးလာခဲ့တာဖြစ်ပါတယ်။ ဦးချစ်ကောင်း လည်းမွေးနေ့မှစ နောင်နှစ်ပေါင်းများစွာ ချစ်ရတဲ့ သူတွေနဲ့ ခုလိုပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီး ချစ်ငယ် လည်း ခုလိုပဲ နုပျိုလှပနေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။



