ချစ်စရာကောင်းပြီး တည်ငြိမ်တဲ့ အလှပိုင်ရှင်လေးတစ်ဦးဖြစ်သူ အလှမယ်အေးချမ်းမိုးကတော့ ပရိသတ်နဲ့ မစိမ်းတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ရင်းကနေ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာပေးခြင်းခံခဲ့ရတဲ့ အေးချမ်းမိုးဟာ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကိုလည်း သွားရောက် ယှဉ်ပြိုင်ခဲ့ရသူ တစ်ဦးပဲ ဖြစ်ပါ တယ်။


အဲ့ဒီလိုမျိုး အလှမယ်တစ်ဦးအနေနဲ့ အရည်အချင်း ပြည့်ဝလှ တဲ့အတွက် ပရိသတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ချမ်းမိုးလေးဟာ မနေ့ကသူ့ရဲ့ဖခင်ကြီး ကွယ်လွန်ခြင်း (၁)နှစ်ပြည့်အတွက် ဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တာဖြစ်ပြီး သူမ မြတ်နိုးရတဲ့ ဆံပင်ကိုလည်း ဖြတ်လှူဒါန်းခဲ့တဲ့ အလှူလေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။


“ဒီနေ့က ချမ်းမိုးတို့ မိသားစုကနေ ဖေကြီး ရာသက်ပန် ထွက်ခွာသွားတာ ၁နှစ်ပြည့်မြောက်တဲ့နေ့ပါ။မနက်ပိုင်း ဘုန်းဘုန်းတွေ ပင့်ပြီး အရုဏ်ဆွမ်းကပ် အလှူလုပ်ခဲ့ပြီး ညနေပိုင်းမှာတော့ ပိုပြီး အမှတ်တရ ဖြစ်စေချင်လို့ ချမ်းမိုးရဲ့ ဆံပင်ကို ရွှေဆံပင်တံတားလမ်းအလှူမှာ သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ဆံပင်လှူတာ မနှမြောပေမယ့် ဟိုအရင်က တင်ပါးဖုံးတဲ့ ဆံပင်အရှည်သာဆို တော်တော်ရှည်ရှည် လှူဖြစ်မှာကိုတော့ တွေးမိသား…


ကြားထဲ ဆံသား ပျက်စီးလို့ ၃ ၄ခါလောက် ဖြတ်လိုက်ရတော့ ခါးထိ ဆံပင်လောက်ပဲ ကျန်တော့တာမို့လေ…ဘာပဲဖြစ်ဖြစ် အခုလို လှူဖြစ်တာကိုပဲ ကြည်နူးခဲ့ရပါတယ်” ဆိုပြီး မွန်မြတ်လှတဲ့ အလှူလေးကိုပြုလုပ်နိုင်ခဲ့တာကြောင့် ကြည်နူးပီတိဖြစ်နေခဲ့ကြောင်းကုသိုလ်လေးတွေကို မျှဝေထားခဲ့တာပဲဖြစ်ပါတယ် ။ အေးချမ်းမိုးကို သိတတ်လိမ္မာတဲ့ သမီးလေးဆိုပြီး ပရိသတ်တွေက ဂုဏ်ယူနေကြတာပဲ ဖြစ်ပါတယ်။


Source: Aye Chan Moe's Fb acc





