တစ်နှစ်နီးပါးခွဲခွာထားရတဲ့ ချစ်သူနဲ့ ပြန်လည်ဆုံစည်းရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေတဲ့ ပိုင်တံခွန်ရဲ့ကောင်မလေး

//s9.kh1.co/5a/5a129f3f8e4eb5e496d5ac5a997febc9940c4395.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

တစ်နှစ်နီးပါးခွဲခွာထားရတဲ့ ချစ်သူနဲ့ ပြန်လည်ဆုံစည်းရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပျော်ရွှင်နေတဲ့ ပိုင်တံခွန်ရဲ့ကောင်မလေး

ပြည်သူချစ်မင်းသားလေး ပိုင်တံခွန်ဟာဆိုရင် ၅၀၅ (က) နဲ့ အဖမ်းဆီးခံခဲ့ရတာကြောင့် အကျဉ်းထောင်ထဲရောက်ရှိခဲ့တဲ့သူဖြစ်ပါတယ်။ ပိုင်တံခွန်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ ရန်ကုန်မြို့ မြောက်ဒဂုံနေအိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရပြီး တစ်နှစ်နီးပါကြာတဲ့အချိန်မှာတော့ ပိုင်တံခွန်ဟာ  ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ တောင်သူလယ်သမားနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Google
Google

ပြန်လည်လွတ်မြောက်လာပြီး မကြာခင်မှာပဲ ပိုင်တံခွန်က သူ့ရဲ့ မျက်နှာလေးကို ပရိသတ်တွေဆီကို ပြသခဲ့ပြီး ပရိသတ်တွေရဲ့ စိုးရိမ်မှုလေးတွေ လျော့နည်းအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။

Google
Google

ပိုင်တံခွန် ပြန်လည် လွတ်မြောက်လာတဲ့အတွက် မိဘဆွေမျိုး သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းတွေ အားလုံး ဝမ်းသာပျော်ရွှင်ခဲ့ကြသလို နောက်ထပ် ဝမ်းသာပျော်ရွှင်နေတဲ့ သူလေး တစ်ယောက်လည်း ရှိနေပါသေးတယ်။ သူလေးကတော့ အခြားသူမဟုတ်ပါဘူး။ ပိုင်တံခွန်ရဲ့ ချစ်သူ ကောင်မလေးပဲဖြစ်ပါတယ်။

Instagram
Instagram

ပိုင်တံခွန်ရဲ့ကောင်မလေးက သူ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းရတဲ့အတွက် ဝမ်းသာပျော်ရွှင်နေတဲ့အကြောင်းကို သူမရဲ့ အင်စတာဂရမ် စတိုရီလေးမှာ တင်ထားပါတယ်။

Instagram
Instagram

ဓာတ်ပုံလေးထဲမှာဆိုရင် သူတို့ချစ်သူနှစ်ဦး ပျော်ရွှင် နွေးထွေးစွာ ပွေ့ဖက်နေကြတာကိုတွေ့ရမှာပါ။ အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦး မတွေ့ရတာ တစ်နှစ်နီးပါ ရှိသွားပြီဖြစ်လို့ အရမ်းကို သတိရနေကြမှာတော့ အမှန်ပါပဲနော်။ ပိုင်တံခွန်နဲ့ သူ့ချစ်သူကောင်မလေးတို့ရဲ့ ပုံရိပ်လေးကို အားလုံးပဲ ကြည့်လို့ရစေရန် ဝေမျှပေးလိုက်ပါတယ်နော်။

Instagram
Instagram
Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T