ပရိသတ်တွေ လေးစားဂုဏ်ယူချစ်ခင်ရတဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ အများအကျိူးသယ်ပိုးထမ်းရွက်တဲ့ ပရဟိတအလုပ်တွေကို လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာ အနုပညာအလုပ်တွေထက် ပြည်သူလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ခိုင်နှင်းဝေပရဟိတ အသင်းနဲ့ ခိုင်မိသားစုဂေဟာတို့ကို ဦးစီးဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။


ခိုင်မိသားစုဂေဟာမှာ အကြောင်းအမျိုးမျိူးကြောင့် ခေါ်ယူမွေးစားထားတဲ့ သားသားမီးမီးလေးတွေကို ခိုင်နှင်းဝေက မိခင်မေတ္တာရော၊ ဖခင်မေတ္တာမျိုးနဲ့ပါ စေတနာထားပြီး ပြုစုစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။ အခုခေတ်မှာ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါပေမယ့် ခိုင်းနှင်းဝေကတော့ ကလေးလေးတွေ အများကြီးကို ဝမ်းနဲ့လွယ်မွေးထားတဲ့ မိခင်ပါမာ ချစ်ခင်ကျွေးမွေးစောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။


သားသားမီးမီးလေးတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးလေ့ရှိတဲ့ ခိုင်နှင်းဝေက ဒီတစ်ခါမှာလည်း ကလေးအကြီးလေးတွေကို ကိုယ်တိုင်ထမင်းစားတတ်အောင် သင်ကြားပေးနေတဲ့ ပုံရိပ်လေးကို မျှဝေပေးလာတာပဲ ဖြစ်ပါတယ်။ "အကြီးအဖွဲ့တွေကို ကိုယ့်ဘာသာ ထမင်း စားတတ်အောင် စ, သင်ပေးဖြစ်ပါတယ်ရှင်..


ဒီ အရွယ် ဒီက စ,လို့ ဘဝ တစ်လျှောက်လုံး ရပ်တည်ချက် မှန်ကန်ပြီး လမ်းမှန်ရောက်လို့ ဖြောင့်တန်းကြပါစေ....ပီတိလေးနဲ့ ကြည်နူးမိတဲ့ ခဏတာလေးပါပဲရှင်..❤️❤️" ဆိုပြီး သူမရဲ့လူမှုကွန်ယက်ထက်မှာ ရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်။



Source : Khine Hnin Wai's Facebook Acc





