သားလေးမောင်အာကြီးရဲ့ မျက်နှာအနေအထား ခွဲစိပ်မှုအခြေအနေနဲ့ ပတ်သက်ပြီး ပြောပြလာတဲ့ ခိုင်နှင်းဝေ

//s9.kh1.co/d8/d8c7235f46a619c38e0ea89e2db8e9fbed30f655.jpg
အနုပညာရှင်များ

 ၀၁-မတ်-၂၀၂၂ ၉am · လွန်ခဲ့သော ၄ နှစ် က

အဆင့် (၃) ဆင့်လောက် ကုသပြီး အသက် (၅) နှစ် ဝန်းကျင်လောက်မှသာ မျက်နှာ အနေထား ပုံပြောင်းနိုင်မှာတဲ့

အနုပညာလောကမှာ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့တဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ အခုလက်ရှိမှာ အနုပညာအလုပ်တွေထက် ပရဟိတလုပ်ငန်းတွေကို တစ်စိုက်မတ်မတ်လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ ခိုင်နှင်းဝေက ခိုင်နှင်းဝေပရဟိတ အသင်းနဲ့ ခိုင်မိသားစု‌‌ဂေဟာတို့ကို ဦးစီးပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်နေသူလေးလည်း ဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc

ခိုင်နှင်းဝေ ခေါ်ယူမွေးစားခဲ့တဲ့ ‌ကလေးတွေထဲမှာ ကိုထက်ဦးမောင် (အာကြီး) ကတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ သန္ဓေသားထိခိုက်မှုရှိခဲ့တာကြောင့် နှုတ်ခမ်းပုံပျက်နေတဲ့ကလေးဖြစ်ပါတယ်။ အာကြီးကို မူလပုံစံလေးအတိုင်း ပြန်ဖြစ်လာစေဖို့အတွက် ခွဲစိတ်ပေးဖို့ကို ခိုင်နှင်း‌ဝေက စီစဉ်ပေးနေတာပဲဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

သားလေးမောင်အာကြီးရဲ့ မျက်နှာအနေအထား ခွဲစိပ်မှုအခြေအနေနဲ့ ပတ်သက်ပြီး ခိုင်နှင်းဝေက "ကိုထက်ဦးမောင်ရဲ့ CT reportများ အရ အတွင်းပိုင်း ခေါင်းရိုးမှာ (မွေးရာပါ) ချိုင့်ဝင်နေတဲ့ (ထိခိုက်မိထားတဲ့ ကုသမှ ရမဲ့ ဒဏ်ရာတစ်ချို့ ) ရှိပါတယ်..အာခေါင်၊မေးရိုး၊ နားရွက်များ အတွက် ခွဲစိတ်ကုသရပါမယ်..အဆင့် (၃) ဆင့်လောက် ကုသရမှာဖြစ်ပြီး အသက် (၅) နှစ် ဝန်းကျင်ခန့်လောက်မှသာ မျက်နှာ အနေထား ပုံပြောင်းနိုင်မှာ ဖြစ်ပါတယ်..ယခု အသက်အရွယ်ပိုင်းအရဆိုရင်တော့ အစားစားနိုင်အောင်သာ ခွဲစိတ်ကုသထားနိုင်မှာပါ..

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

သားလေး အတွက် အကောင်းဆုံး ကုသမှုမျိုးများ ဆောင်ရွက်ပေးသွားဘို့ ကျမ ရည်ရွယ်ထားပါတယ်..သားလေးကို ချစ်ပေးကြတဲ့ ၊မေတ္တာပေးကြတဲ့ ခုနှစ်ရက် သားသမီးများ အားလုံးကိုလဲ ကျေးဇူး အများကြီး တင်ပါတယ်ရှင်..ဆက်လက်ပြီးလဲ မေတ္တာ ခွန်အားများ ပေးပြီး အကောင်းဆုံး ဆက်လက် အသက်ရှင်ဘို့အတွက် သားလေးကို ဖေးမနားလည်ပေးကြပါလို့ မေတ္တာရပ်ခံရင်း..❤️❤️..." ဆိုပြီး အခြေအနေလေးကို ပြောပြလာတာပဲ ဖြစ်ပါတယ်။

Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc
Photo Credit : Khine Hnin Wai's Facebook Acc

ဘဝအကျိုးပေးကံ မကောင်းတဲ့ အာကြီးကို မေမေခိုင်နှင်းဝေကရော ပရိသတ်တွေကပါ အာကြီးကို သနားချစ်နဲ့ အချစ်ပိုနေကြတာလည်း ဖြစ်ပါတယ်။ အာကြီးတစ်ယောက်လည်း ဘဝ တလျှောက် ကံကောင်းပြီး ရခဲလှတဲ့ လူ့ ဘဝမှာ သာသနာတွေ အများကြီး ပြုသွားနိုင်ကြပါစေ။

Source : Khine Hnin Wai's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T