ဂျပန်ပရိသတ်တွေ ရွေးချယ်ထားကြတဲ့ အသက် ၃၅ နဲ့ ၄၄ နှစ်အရွယ်ကြား အလှဆုံး ကိုရီးယားမင်းသမီး ၁၀ ဦး

//s9.kh1.co/a9/a94de36ae8d70ec2d3862c5856d53c0bf3bc56ee.png
အနုပညာရှင်များ

 ၂၆-ဖေ-၂၀၂၂ ၂pm · လွန်ခဲ့သော ၄ နှစ် က

မအိုဆေးတွေ စားထားကြတဲ့ Unnie တွေ ....

ကိုရီးယားမင်းသမီးတွေရဲ့ လှပနုပျိုမှုတွေကတော့ အသက် ၃၀၊ ၄၀ ကျော်တာတောင် မအိုဆေးတွေ စားထားလားလို့တောင် သံသရဝင်ရပါတယ်။ သူတို့တွေက တက်သစ်စ ဂျူနီယာမင်းသမီးလေးတွေနဲ့ အပြိုင် ရင့်ကျက်ပြီး လှပနုပျိုနေကြတာပဲ ဖြစ်ပါတယ်။

မကြာသေးမီက ဂျပန်နိုင်ငံရဲ့ ၀က်ဘ်ဆိုက် Rankingoo မှာ "အသက် 35 နှင့် 44 နှစ်ကြား အလှဆုံး ကိုရီးယားမင်းသမီးများ" ခေါင်းစဉ်နဲ့ စစ်တမ်းတစ်ခု ပြုလုပ်ခဲ့တာဖြစ်ပြီး Top 10 အတွက် နောက်ဆုံးရလဒ်တွေကို ပရိသတ်တွေအတွက် ပြန်လည် ဖော်ပြပေးပါမယ်။

10: Jun Ji Hyun

Photo Credit : KBIZoom 
Photo Credit : KBIZoom 

အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ Jun Ji Hyun ကတော့ လှပတဲ့ မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးပဲ ဖြစ်ပါတယ်။ သူမရဲ့အလှအပကို အမြဲတမ်း ဂရုတစိုက်ရှိတဲ့ သူမဟာ အသက် 20 ဝန်းကျင်ကတည်းက အခုအချိန်အထိ အလှဆုံး ကိုရီးယား မင်းသမီးတွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

9: Go Jun Hee

Photo Credit : KBIZoom 
Photo Credit : KBIZoom 

Go Jun Hee ကတော့ စွဲမက်ဖွယ်ကောင်းတဲ့ 1m 72 အရပ်အမြင့်ကို ပိုင်ဆိုင်ထားပြီး မိမိုက်တဲ့ စတိုင်တွေနဲ့ ပရိသတ်ရဲ့ အသည်းတွေကို ဖမ်းစားထားနိုင်တာ ဖြစ်ပါတယ်။ Go Jun Hee ဟာ အသက် ၃၇ နှစ် ပြည့်သွားပြီ ဖြစ်ပေမယ့် သူမရဲ့ နုပျိုလှပနေမှုကတော့ အသက် ၂၀ ကျော်လောက်လို့သာ ထင်ရသူလေးဖြစ်ပါတယ်။

 8: Han Ji Min

Photo Credit : KBIZoom 
Photo Credit : KBIZoom 

1982 ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Han Ji Min ကတော့ ကိုရီးယားမင်းသမီးတွေကြားမှာ ထိပ်တန်း နတ်ဘုရားမ တစ်ဦးလို လှပမှုအပေါင်းနဲ့ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ်ကို ရောက်ရှိနေပြီ ဖြစ်တဲ့ သူမရဲ့ နုပျိုမှုတွေကတော့ တက်သစ်စ မင်းသမီးတွေနဲ့ အသက်ကွာကြားမှု သိပ်မရှိဘူးလို့ ထင်ရလောက်အောင်ကို လှပနေသူလေးဖြစ်ပါတယ်။

7: Lee Bo Young

Photo Credit : KBIZoom 
Photo Credit : KBIZoom 

Lee Bo Young ကတော့ လက်ရှိမှာ အသက် 43 နှစ်ရှိပြီ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ကလေး ၂ ယောက်လည်း ပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။ Lee Bo Young ရဲ့ အသားအရေနဲ့ လှပတဲ့ရုပ်ရည်တွေက အသက်၄၀ကျော်လို့ မထင်ရက်လောက်အောင်ကို နုပျို လှပ စိုပြေ နေတာကြောင့် ပရိသတ်တွေကလည်း အံ့သြနေတာဖြစ်ပါတယ်။

6: Kim Ha Neul

Photo Credit : KBIZoom 
Photo Credit : KBIZoom 

Kim Ha Neul ကတော့ 2000 ခုနှစ်တွေထဲက အနုပညာတွေကို လုပ်ကိုင်ခဲ့တဲ့ ဝါရင့်မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် 44 နှစ်ရှိပြီဖြစ်တဲ့ သူမကတော့ ဈေးကြီးတဲ့ ဝိုင်ကောင်းတစ်ခုလိုပဲ အသက်ကြီးလေး ပိုလှလေ ဖြစ်နေပါတယ်။ 18 again ရုပ်ရှင်ထဲမှာ သူမနဲ့ Lee Do Hyun အတူ သရုပ်ဆောင်တဲ့အခါ Kim Ha Neul က ရုပ်ရည် နုပျိုပြီး Lee Do Hyun အသက် 17 နှစ်လောက် ကွာတာတောင် အရမ်းကို chemistry ဖြစ်နေ ကြပါတယ်။

5: Park Min Young

Photo Credit : KBIZoom 
Photo Credit : KBIZoom 

Park Min Young ဟာ ​​ဒီနှစ်မှာ အသက် 36 နှစ်ပြည့်သွားပေမယ့် အရွယ်ကတော့ ပြန်ငယ်သွားသလိုပါပဲ။ သူမရဲ့ နုပျိုလန်းဆန်းတဲ့ အလှတရားတွေကတော့ ဒီနှစ်တွေအတွင်းမှာ ပြောင်းလဲသွားခြင်းမရှိပါဘူး။ ဒီလို ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကြောင့် Park Min Young ဟာ ​​အသက်ငယ်တဲ့ အမျိုးသားသရုပ်ဆောင်တွေနဲ့ တွဲဖက်သရုပ်ဆောင်ရင်တောင် ၃၀ ကျော်နေပြီလို့ မထင်ရပါဘူး ။

4: Yoo In Na

Photo Credit : KBIZoom 
Photo Credit : KBIZoom 

Yoo In Na ရဲ့ အသက်အမှန်ကို မသိသေးတဲ့သူတွေအတွက်တော့ လုံးဝကို အံ့အားသင့်စရာကြီးပါ။ သူမဟာ အခုလက်ရှိမှာ အသက် 40 ပြည့်ပြီဆိုပေမယ့် သူမရဲ့ လှပတဲ့မျက်နှာ နဲ့ နုပျိုမှုတွေကတော့ အသက် ၂၀ ကျော်လေးလို့ပဲ ထင်ရပါတယ်။

3: Song Hye Kyo

Photo Credit : KBIZoom 
Photo Credit : KBIZoom 

မအိုဆေးတွေ စားထားတယ်လို့တောင် ထင်ရတဲ့ Song Hye Kyo ကတော့ အလှဆုံး ကိုရီးယားမင်းသမီး စာရင်းတွေထဲမှာ အမြဲပါဝင်နေကြပါ။ အသက် 41 နှစ်ရှိပြီဖြစ်တဲ့ သူမက အသက် 20 ကျော်လေးတွေလို ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင်ကို လှပနေဆဲပဲ ဖြစ်ပါတယ်။ ရှိရင်းစွဲအသက်ထက်ကို ငယ်နေတယ်လို့ထင်ရတာကြောင့် 90s မွေးတဲ့ မင်းသားတွေနဲ့ တူတူသရုပ်ဆောင်ရင်တောင် လိုက်ဖက်ပြီး Chemistry ဖြစ်နေတုန်းပါ။

2- Kim Tae Hee

Photo Credit : KBIZoom 
Photo Credit : KBIZoom 

အသက် 42 နှစ် အရွယ်ထိတောင် လှပနေတဲ့ အလှအပတွေကြောင့် Kim Tae Hee က ဒုတိယနေရာမှာ ရပ်တည်နေနိုင်တာတော့ အံ့သြစရာမဟုတ်တော့ပါဘူး။ Kim Tae Hee ရဲ့ ထူးခြားချက်တစ်ခုကတော့ သူမ ပြုံးလိုက်တိုင်း သူမရဲ့ မျက်လုံးလေးက ဝင်းလက်လာပါတယ်။ ဒါကြောင့်လည်း Kim Tae Hee ရဲ့ အလှဟာ နှစ်တွေ ဘယ်လောက်ပဲကြာကြာ မပြောင်းလဲပဲ ရှိနေတာပါ။

1: Son Ye Jin

Photo Credit : KBIZoom 
Photo Credit : KBIZoom 

နံပါတ် ၁ နေရာမှာ ရပ်တည်နေတာကတော့ ပရိသတ်အချစ်တော် မင်းသမီးလေး Son Ye Jin ပဲ ဖြစ်ပါတယ်။ Son Ye Jin ဟာ ပထမဆုံး TV- Screen မှာ ပေါ်လာကတည်းက သူမရဲ့ အလှတရားဟာ ဒဏ္ဍာရီဆန်ခဲ့ပါတယ်။ Son Ye Jin ဟာ သူမရဲ့ အသက် 19 - 20 အရွယ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင်တောင် အခုလက်ရှိ အသက် 40 နဲ့ ဘာမှ ကွာခြားမှုမရှိလောက်အောင်ကို နုပျိုနေသူလေးဖြစ်ပါတယ်။

Source : KBIZoom 

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T