ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ချက် ၊ ချောမောခန့်ညားတဲ့ ရုပ်ရည်အသွင်အပြင် ၊ နုပျိုကြည်လင်နေတဲ့ မျက်နှာအသွင်အပြင်တွေနဲ့ ပရိတ်သတ်ရဲ့အသည်းနှလုံးကို ညှို့ယူဖမ်းစားထားတဲ့ အနုပညာရှင်တစ်ဦးကတော့ ပြည်သူချစ် မင်းသား မင်းမော်ကွန်း ပဲ ဖြစ်ပါတယ်။


မင်းမော်ကွန်း ဟာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး (၂၀၀၁) ခုနှစ်မှာတော့ နှလုံးလှလူမိုက်ရုပ်ရှင်ဇာတ်ကားကြီး မှာ ဇာတ်ဆောင်မင်းသားအနေနဲ့ အကယ်ဒမီဆုကြီးကို ဆွတ်ခူးရရှိလာခဲ့ပါတယ်။


အမှန်တရားဘက်က ရပ်တည်ခဲ့ပြီး ပြည်သူနှင့်တသားတည်း အတူတူရှိခဲ့တဲ့ မင်းသား မင်းမော်ကွန်း ဟာ ဒီကနေ့ ဖေဖော်ဝါရီ(၂၆)ရက်နေ့ မှာ အသက်(၄၃)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ ကိုမင်းမော်ကွန်းတစ်ယောက် အစစအရာရာမှာဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။











