Twenty Five Twenty One မှာ ဧည့်သည်သရုပ်အဖြစ်ပါဝင်သွားမယ့် Choi Tae Joon

//s9.kh1.co/e4/e41ba99b8e9000df7869c6a6bdb9112f25a21141.jpeg
အနုပညာရှင်များ

 ၂၅-ဖေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

Park Shin Hye နဲ့ လက်ထပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ရိုက်ကူးထားတာလေး .....

ပြီးခဲ့တဲ့လက မင်းသမီးချော Park Shin Hye နဲ့ လက်ထပ်ပြီးကတည်းက ဒရမ်မာတစ်ခုမှာ သူ့ရဲ့ပထမဆုံးပါဝင်ပြသမယ့် အထိမ်းအမှတ်အနေနဲ့ Choi Tae Joon ဟာ “Twenty Five, Twenty One” မှာ ဧည့်သည်သရုပ်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။

Photo Credit : My Drama List 
Photo Credit : My Drama List 
Photo Credit : My Drama List 
Photo Credit : My Drama List 

“Twenty Five, Twenty One” ဇာတ်လမ်းတွဲကတော့ (၁၉၉၈)ခုနှစ်ခန့်က ကိုရီးယားနိုင်ငံငွေကြေးအကြပ်အတည်းဖြစ်ပွားပြီးနောက်ခက်ခဲတဲ့အခြေအနေတွေကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ လူငယ်နှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Photo Credit : My Drama List 
Photo Credit : My Drama List 
Photo Credit : My Drama List 
Photo Credit : My Drama List 

လက်ရှိမှာတော့ “Twenty Five, Twenty One” ဇာတ်လမ်းတွဲက ကြည့်ရှု့သူအများဆုံး ဒရာမာတွေစာရင်းမှာ ထိပ်ဆုံးကနေရပ်တည်နေတာလည်းဖြစ်ပါတယ်။ ဒရာမာရဲ့ နောက်လာမယ့် အပိုင်းတွေမှာတော့ Choi Tae Joon က Jung Ho Jin အဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Photo Credit : Soompi
Photo Credit : Soompi

ထွက်လာတဲ့ ပုံတွေအရ Jung Ho Jin (Choi Tae Joon) က Na Hee Do ကို တောက်ပတဲ့ အပြုံးလေးတွေနဲ့ ပြုံးပြနေတာဖြစ်ပါတယ်။ Na Hee Do ကလည်း နွေးထွေးတဲ့အပြုံးလေးနဲ့ သူ့အကြည့်ကို ပြန်ကြည့်နေတာကြောင့် ဇာတ်ကောင်နှစ်ခုကြားမှာ ဘာတွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Soompi
Photo Credit : Soompi
Photo Credit : Soompi
Photo Credit : Soompi

Source : Soompi

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T