ကမ္ဘာအနှံ့အပြားက PUBG Mobile ကစားသူသန်းပေါင်းများစွာထဲမှာ ဂိမ်းကိုမျှမျှတတဆော့ကစားကြသူတွေများပေမဲ့ မသမာတဲ့ကစားသူတွေလည်းအများကြီးရှိပါတယ်။အဲ့ကစားသူတွေကနည်းမျိုးစုံနဲ့ ဂိမ်းကိုဟက်ခ်ပြီး၊ညစ်ပြီးကစားကြတဲ့အပြင် တချို့ဆိုရင်ဆိုးဆိုးရွားရွားပဲ တိုက်ရိုက် live လွှင့်နေရင်းတန်းလန်းနဲ့ကို ဂိမ်းကိုဟက်ခ်ဆော့ပြကြတာပါ။အဲ့လိုအခြေအနေတွေကိုထိန်းသိမ်းဖို့အတွက် PUBG ဖက်က ဟက်ခ်ပြီးဆော့ပြတဲ့၊ဟက်ခ်နည်းတွေချပြနေတဲ့ YouTube Channel တွေကိုတင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ စကြပ်တော့မှာပါ။

ဂိမ်းကိုတရားမျှတပြီးဆော့ရတာကောင်းမွန်စေဖို့ ထုတ်လုပ်သူတွေက ဟက်ခ်ကာတွေကိုခဏခဏ ဂိမ်းထဲကနေဘန်းပစ်နေပါတယ်။အခုတော့ YouTube ပေါ်မှာဟက်ခ်နည်းတွေပါတဲ့ ဗွီဒီယိုတွေတင်ရင် Channel ကိုအလိုအလျောက်ဘန်းပစ်မဲ့စနစ်ထိကိုခြေလှမ်းလာပါပြီ။ဒါပေမဲ့ဟက်ခ်ကာတွေတင်တဲ့ ဗွီဒီယိုတွေကများလွန်းတာကြောင့်ပြဿနာတွေအားလုံးတစ်ခါတည်းရှင်းသွားမှာတော့မဟုတ်ပါဘူး။

ဂိမ်းကစားသူပေါင်းများစွာဟာသူတို့ရဲ့စကေးတွေကိုချပြဖို့ YouTube ပေါ်မှာ Live လွှင့်ပြီးဂိမ်းကစားပြကြပါတယ်။အစပိုင်းမှာဂိမ်းထဲက Tip and trick တွေကိုပဲတင်ကြပေမဲ့နောက်ပိုင်းမှာတော့ ဟက်ခ်နည်းဗွီဒီယိုတွေကိုတင်လာကြတာပါ။တကယ်လို့ဟက်ခ်နည်းတင်တဲ့ Channel က Subscriber ၁၀၀၀ အောက်နည်းပြီး ကြည့်ရှူနှုန်း ၁၀၀၀၀ အောက်နည်းရင်ချက်ချင်းဘန်းမှာဖြစ်တယ်လို့ PUBG ရဲ့ တရားဝင် Discord ကနေကြေညာခဲ့ပါတယ်။

PUBG Mobile ရဲ့ဒီတစ်ခေါက်အရွှေ့ကလည်း ဟက်ခ်ကာတွေနဲ့ရင်ဆိုင်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဟက်ခ်ကာပြဿနာကတော့ လုံးဝအရှင်းပျောက်သွားတာမဟုတ်ပေမဲ့ တော်တော်လေးတော့ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်လာမှာကတော့သေချာပါတယ်။