Tencent ရဲ့ Lightspeed & Quantum စတူဒီယိုက PUBG Mobile ဟာ လူကြိုက်များတဲ့ Anime တစ်ခုဖြစ်တဲ့ Black Lagoon နဲ့ Collaboration ပြုလုပ်မယ်လို့သိရပါတယ်။၂၀၂၂ ခုနှစ် မတ်လထဲမှာ Event စတင်မှာဖြစ်ပြီး ကစားသမားတွေဟာ Black Lagoon ဇာတ်ကောင်တွေရဲ့ ဝတ်စုံတွေနဲ့ အသံကဒ်တွေကိုရရှိနိုင်မယ်လို့သိရပါတယ်။ဘယ်ဇာတ်ကောင်တွေပါဝင်လာမလဲဆိုတာတော့မသိရသေးပါဘူး။

ထုတ်ပြန်ချက်အရ PUBG Mobile ရဲ့တွစ်တာနဲ့ဝက်ဆိုဒ်ကနေတဆင့် Collaboration နဲ့ပတ်သက်တဲ့အချက်အလက်တွေကို ထပ်ထုတ်ပြန်သွားမယ်လို့သိရပါတယ်။ဝက်ဆိုဒ်က Event Skin တွေဟာစတိုင်ကျပြီး ခန့်ခန့်ထည်ထည်ရှိတယ်လို့ ကြေညာထားပါတယ်။Anime ထဲကအက်ရှင်တွေနဲ့လည်း တော်တော်လေးအံ့ဝင်ခွင်ကျဖြစ်မှာပါတဲ့။ဝက်ဆိုဒ်မှာ ဂိမ်းနဲ့ဇာတ်လမ်းတွဲအကြောင်း အကျဉ်းချုပ်တင်ထားတာကလွဲလို့ တခြားအချက်အလက်သိပ်မရှိပါဘူး။ဒီ Collaboration ဟာဂိမ်းရဲ့ဂျပန်ဗားရှင်းအတွက်ပဲ သီးသန့်ထွက်မှာဖြစ်တယ်လို့လည်း သတင်းထွက်နေပါတယ်။

Black Lgoon ရဲ့ Manga ကို ၂၀၀၂ ခုနှစ်မှာစတင်ဖြန့်ချီခဲ့ပြီး Anime ကိုတော့ ၂၀၀၆ ခုနှစ် ဧပြီလကနေဒီဇင်ဘာလအထိ ဖြန့်ချီခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Roanapur မှာနေထိုင်ပြီး Lagoon ကုမ္ပဏီမှာအလုပ်လုပ်တဲ့ Rokuro Okajima အကြောင်းပါ။Roanapur ဟာ ဒုစရိုက်အဖွဲ့အစည်းတွေ၊သူခိုးဂျပိုးတွေ၊လုပ်ကြံရေးသမားတွေ၊ကြေးစားလူသတ်သမားတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ဂျပန်အတွက်သီးသန့် Event ဖြစ်မယ်လို့သတင်းထွက်နေတာကြောင့် တခြားနိုင်ငံကကစားသမားတွေအနေနဲ့ ဒီ Event နဲ့မကြုံရဖို့ အလားအလာရှိနေပါတယ်။လက်ရှိမှာဆိုရင်တော့ PUBG Mobile ဟာ Jujutsu Kaisen နဲ့ Collaboration ကိုမတ်လအထိပြုလုပ်ထားပါတယ်။PUBG Mobile နဲ့ Jujutsu Kaisen တို့ရဲ့ Collaboration အကြောင်းအောက်ပါ Link မှာအသေးစိတ်ဝင်ရာက်ဖတ်ရှူနိုင်ပါတယ်။
သတင်း အရင်းအမြစ်៖ PUBG Mobile နဲ့ Jujutsu Kaisen တို့ရဲ့ Collaboration





