တောင်ကိုရီးယားနာမည်ကြီးစုံတွဲလေးဖြစ်တဲ့ Son Ye Jin နဲ့ Hyun Bin တို့စုံတွဲလေးက မကြာခင်မှာ လက်ထပ်ကြတော့မယ့် စုံတွဲလေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက အခုလာမယ့်နွေဦးရာသီ မတ်လထဲမှာ Walkerhill ဟိုတယ်မှာ မင်္ဂလာပွဲအကျဉ်းချုံးလေးကို ကျင်းပသွားမှာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တုန်းက မီဒီယာတွေရဲ့အဆိုအရ Son Ye Jin နဲ့ Hyun Bin တို့နှစ်ဦးရဲ့ မင်္ဂလာကို မတ်လ အဆုံးသတ်မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

သူတို့နှစ်ဦး မင်္ဂလာပွဲကျင်းပမယ့် Walkerhill ဟိုတယ် က Bae Yong Joon နဲ့ Kim Hee Sun တို့လိုမျိုး နာမည်ကြီး အနုပညာရှင်တွေ မင်္ဂလာပွဲကျင်းပခဲ့တဲ့နေရာဖြစ်ပါတယ်။ မင်္ဂလာပွဲကို ဧည့်သည်အယောက် ၁၀၀နဲ့ အကျဉ်းချုံးကျင်းပသွားမှာဖြစ်ပြီး ရင်းနှီးတဲ့သူငယ်ချင်းတွေ မိသားစုတွေနဲ့ သာ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သူတို့စုံတွဲနှစ်ဦးက ဒီဇင်ဘာလ ၂၀၂၀ ခုနှစ် နှစ်ကုန်ခါနီးမှာ တွဲနေပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ လက်ထပ်ကြတော့မှာဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။






