မြန်မာနိုင်ငံမှာ လာရောက် ရိုက်ကူးခဲ့တဲ့ ထိုင်း ရုပ်ရှင်၊ Drama များ

//s9.kh1.co/11/11c1ecbea03f5b3e46d91f5de253adcc0b148871.jpeg
အနုပညာရှင်များ

 ၁၉-ဖေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မြန်မာနိုင်ငံရဲ့ရှုခင်းလှလှလေးတွေကို တဝကြီးမြင်တွေ့ခွင့်ရမှာ….

အခုနောက်ပိုင်း ထိုင်းမင်းသား မင်းသမီးတွေကလည်း ကမ္ဘာတစ်လွှားမှာ နာမည်ကြီးကျော်ကြားလာသလို ထိုင်းရုပ်ရှင်၊ Drama တွေက နာမည်ကြီး အောင်မြင်လာပါတယ်။ အခုလိုမျိုးအောင်မြင်အောင်လည်း တစ်ချို့သောဇာတ်ဝင်ခန်းတွေကို သူတို့တွေရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် ရိုက်ကူးကြပါတယ်။ အဲ့ထဲမှာမှ မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ ထိုင်းရုပ်ရှင်၊ Drama တွေကို ဖော်ပြပေးချင်ပါတယ်။ 

My Husband in Law (2020)

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

My Husband in Law ဒရမ်မာ မှာတော့ မင်းသားချော Mark Prin နဲ့ မင်းသမီးMew Nitta တို့ အဓိကပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ My Husband in Law ဒရမ်မာ ရဲ့ ဇတ်ဝင်ခန်း အချို့ကို မြန်မာနိုင်ငံ မှာ ရိုက်ကူးခဲ့ပါတယ်။ထားဝယ် ဒေသမှာ အများဆုံး ရိုက်ကူးခဲ့ ပြီး မြန်မာ နိုင်ငံရဲ့ အထင်ကရ နေရာတွေဖြစ်တဲ့ ပုဂံ၊အင်းလေး၊ရန်ကုန် စတဲ့ နေရာ တွေမှာ လာရောက်ရိုက်ကူးသွားတဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ရိုမန်ဟာသဇာတ်လမ်းတွဲလေးဖြစ်တဲ့အတွက် လူငယ်တွေသေချာပေါက်ကြိုက်နှစ်သက်မယ့်ဇာတ်ကားမျိုးဖြစ်ပြီး ထိုင်းမင်းသားမင်းသမီးချောချောလေးတွေနဲ့ မြန်မာနိုင်ငံရဲ့ရှုခင်းလှလှလေးတွေကို တဝကြီးမြင်တွေ့ခွင့်ရမှာပါ။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

Friend Zone Movie( 2019)

Photo Credit: Original Uploader
Photo Credit: Original Uploader

Friend Zone ရုပ်ရှင် ကို 2019 ခုနှစ်က ရုံတင်ပြသ ခဲ့တာ ဖြစ်ပြီး အဓိကသရုပ်ဆောင် တွေအနေ နဲ့ Nine Naphat နဲ့Baifern Pimchanok တို့က ပါဝင်သရုပ်ဆောင် ခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်က မြန်မာနိုင်ငံ အပါအဝင် အခြား အာဆီယံနိုင်ငံ အချို့ကိုလည်း သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင် ဇတ်ကားရဲ့ OST သီချင်းဟာလည်း မြန်မာနိုင်ငံအပါအဝင် အခြား အာဆီယံနိုင်ငံ တွေရဲ့ ဘာသာစကား တွေနှင့် စုစည်း ထားတာဖြစ်ပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader

From Chao Phraya to Irrrawaddy (2022)

Photo Credit: Original Uploader
Photo Credit: Original Uploader

From Chao Phraya to Irrawaddy ဇာတ်လမ်းတွဲ ကိုတော့ လတ်တလော Thai PBS Channel မှာ ပြသ လျက်ရှိပြီးအဓိကသရုပ်ဆောင် တွေ အဖြစ် Got Jirayu, ဒေါင်း, Tangtang Nattaruchi နှင့် နှင်းသွေးယုအောင် တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေး ဇာတ်ကား ဖြစ်ပြီး ဇာတ်လမ်းအရ မြန်မာနိုင်ငံ ကို လာရောက် ရိုက်ကူးရမည့် ဇာတ်ဝင်ခန်း အများအပြား ပါရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လာရောက်ရိုက်ကူး နိုင်ခဲ့ခြင်း မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ ဇာတ်ဝင်ခန်းတွေကိုတော့ စတူဒီယိုအခန်းထဲမှာသာ ရိုက်ကူး ခဲ့ရတာရဖြစ်ပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T