ဘုရင်မကြီး အဲလိစဘတ်၊ ဒိုင်ယာနာ မင်းသမီး၊ မြို့စားကတော် ကိတ်မစ်ဒယ်တန်တို့ဟာ အခုခေတ်မှာ အသက်ကြီးပိုင်းထဲ ရောက်လာပါပြီ။ ပဒေသရာဇ်စနစ် ကြွင်းကျန်နေသေးတဲ့ ဥရောပနဲ့ ဂျပန်နိုင်ငံမှာ မျိုးဆက်သစ် မင်းသမီးလေးတွေ အရွယ်ရောက်ကုန်ကြပါပြီ။ ပွဲလမ်းသဘင်တွေမှာ တွေ့ရတဲ့ သူတို့ရဲ့ ဝတ်စားဆင်ယင်ပုံဟာ အာရုံစိုက်ခံရတဲ့ အနေအထားတစ်ခုကို ရောက်အောင် လှလာကြပါပြီ။ ဒါကြောင့် Vogue မဂ္ဂဇင်းက ဖော်ပြထားတဲ့ တော်ဝင်မင်းသမီး ၁၃ ပါးရဲ့ ဖက်ရှင်လေးတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။

1. မင်းသမီး လီယိုနာ (စပိန်)
အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ အိမ်ရှေ့မင်းသမီးလေးပါ။ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံး ဘုရင့်အရိုက်အရာ ဆက်ခံမဲ့ မင်းသမီး ဖြစ်ပါတယ်။

2. မင်းသမီး အလက်ဇန္ဒရား (ဟန်နိုဗာ)
ဖက်ရှင်ရှိုးတွေကို မကြာခဏတက်ရောက်တတ်တဲ့ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးနဲ့ အသက် ၂၂ နှစ်အရွယ် မင်းသမီးလေး အလက်ဇန္ဒရားပါ။

3. မင်းသမီး အဲလိစဘတ် (ဘယ်လ်ဂျီယံ)
ဒီမင်းသမီးလေးက မိန်းကလေးဆန်ဆန် ပန်းကလေးတွေ၊ ဂါဝန်လေးတွေ ဝတ်ဆင်တတ်ပေမဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းမို့ ခေသူ မဟုတ်ပါ။ ဘယ်လ်ဂျီယံရဲ့ ဘုရင်မဖြစ်လာမဲ့ နူးညံ့တဲ့ မင်းသမီးလေးပါပဲ။

4. မင်းသမီး အင်ဂရစ် အလက်စန္ဒရား (နော်ဝေ)
၁၉ နှစ်ပဲ ရှိသေးတဲ့ ဒီမင်းသမီးလေးကတော့ နော်ဝေရဲ့ ပထမဆုံး တော်ဝင်အမျိုးသမီးပါတဲ့နော်။

5. မင်းသမီး ရှားလော့ (ကိန်းဘရစ်ချ်)
မေမေက တော်ဝင်ဖက်ရှင်လောကရဲ့ ခေါင်းကိုင်မိခင်ကြီး မြို့စားကတော် ကိတ်မစ်ဒယ်တန် ဖြစ်နေမှတော့ သမီးတော် ရှားလော့က ဝတ်တတ်စားတတ်နေတာ မဆန်းပါဘူး။

6. လေဒီ လူးဝစ် ဝင်ဆာ
အသက် ၁၈ နှစ်အရွယ် လေဒီ လူးဝစ်ဟာ အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ အငယ်ဆုံး မြေးတော် ဖြစ်ပါတယ်။ ပုံထဲမှာ သူမရဲ့ ဘေးက အမျိုးသမီးကြီးက သူမရဲ့ မိခင် ဝက်ဆက်စ်မြို့စား မင်းသမီးကြီး ဖြစ်ပါတယ်။

7. ပေါ်လင်း ဒူးကရက် (မိုနာကို)
မိုနာကို တော်ဝင်မင်းသားနဲ့ မင်းသမီးချော Grace Kelly တို့ရဲ့ သမီးလေး ပေါ်လင်းက ဘွဲ့တော်တွေ မရထားပေမဲ့ တော်ဝင်မိသားစုထဲကပါပဲ။ သူမရဲ့ ဖက်ရှင်အမြင်ကလည်း ထူးခြားလှပပါတယ်။

8. မင်းသမီး အီမန် ဘင့် အဗ္ဗဒူလာ (ဂျော်ဒန်)
ဂျော်ဒန် ဘုရင့်သမီးတော်လေး ဖြစ်ပါတယ်။ လှပတဲ့ မျက်နှာနဲ့ ဆံပင်ကြောင့် ထင်ရှားသူလေးပါ။

9. မင်းသမီး မာရီယာ အိုလင်ဖီယာ (ဂရိနှင့် ဒိန်းမတ်)
မိခင်နဲ့ ဖခင် နှစ်ဖက်လုံးက တော်ဝင်မျိုးနွယ်တွေမို့ ဂရိနိုင်ငံနဲ့ ဒိန်းမတ်နိုင်ငံ နှစ်ခုလုံးရဲ့ တော်ဝင်မင်းသမီး ဖြစ်နေသူပါ။ သူမ အရွယ်ရောက်စကတည်းက ဖက်ရှင်ကြောင့် နာမည်ကြီးပါတယ်။

10. မင်းသမီး အာအီကို (ဂျပန်)
အသက် ၂၀ အရွယ် မင်းသမီး အာအီကိုက ခေတ်ပေါ် ဟော့ဟော့လေးတွေထက် ဂျပန် တော်ဝင်မင်းမျိုးတွေ ဝတ်စားပုံအတိုင်းပဲ ဝတ်ပါတယ်။

11. မင်းသမီး အလက်ဇန္ဒရား (လူဇမ်းဘတ်)
အသက် ၃၀ ရှိနေပြီ ဖြစ်တဲ့ ဒီမင်းသမီးလေးကတော့ လူဇမ်းဘတ် မြို့စားရဲ့ တစ်ဦးတည်းသော သမီးဖြစ်ပါတယ်။

12. မင်းသမီး ကာကို နှင့် မင်းသမီး မာကို (အာကီရှီနို)
နံပါတ် ၁၀ က မင်းသမီးက ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ သမီးတော်ပါ။ အခု မင်းသမီး ၂ ပါးကတော့ ဧကရာဇ် နာရူဟီတိုရဲ့ တူမတော် ၂ ပါးပါ။

13. မင်းသမီး ကက်သရီနာ အမ်မလီယာ (အောရင့်ဂျ်)
အဝါရောင်ဂါဝန်လေး ဝတ်ထားတဲ့ မင်းသမီး ကက်သရီနာယာ နောင်တစ်ချိန်မှာ ဒတ်ချ်ထီးနန်းကို ဆက်ခံမှာပါ။ သူမရဲ့ ညီမလေး ၂ ယောက်ကလည်း ချစ်စရာလေးတွေနော်။
Ref : https://www.vogue.co.uk/miss-vogue/gallery/stylish-young-princesses





