သမ္မတကြီးကိုယ်တိုင် ချီးမြှင့်တဲ့ အထူးဂုဏ်ပြုဆုကို ရရှိသွားတဲ့ ကပ္ပတိန် ဂျက်စပဲရိုး (Johnny Depp)

//s9.kh1.co/7e/7e018de5d8ba1589b775f05a3e024b7c4bf987fa.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၂ ၁၂pm · လွန်ခဲ့သော ၄ နှစ် က

.

ကာရေဘီယံ ပင်လယ်ကို ကြီးစိုးခဲ့တဲ့ ပင်လယ်ဓါးပြကြီး ကပ္ပတိန် ဂျက်စပဲရိုးရဲ့ စွန့်စားခန်းတွေဟာ ကမ္ဘာအနှံ့က လူကြီးလူငယ်တွေ နှစ်ခြိုက်ရတဲ့ ဇာတ်လမ်းကောင်းတွေပါ။ ဒီဇာတ်ကားတွေမှာ ဂျက်စပဲရိုးအနေနဲ့ သရုပ်ဆောင်ခဲ့တာက မင်းသားကြီး ဂျော်နီဒပ် (Johnny Depp) ပဲ ဖြစ်ပါတယ်။ ဂျော်နီက ဇာတ်ကောင်အမျိုးမျိုးကို စီးမြော သရုပ်ဆောင်နိုင်တယ်ဆိုတာကို သူ့ရဲ့ ဇာတ်ကားကောင်းတွေက သက်သေပြနေပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/b3/b372e5469fbff363cc822cd0fa27aed304d80bdb.jpg

Charlie and the chocolate factory, Edward Scissorhands အစရှိတဲ့ ဇာတ်ကားတွေမှာလည်း ဗီလိန်အနေနဲ့တောင် ပရိသတ်နှလုံးသားကို ဆွဲခါပစ်ခဲ့တဲ့ မင်းသားချောကြီးပါ။

https://s9.kh1.co/__image/w=650,h=650,q=100/f8/f88ba75fda3b13598f9706a12a69569ffe9ccc07.jpg

သူ့ရဲ့ ၂၀၂၀ မှာ ရိုက်ကူးခဲ့တဲ့ Minamata ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ ဆားဘီးယားလူမျိုး ဓာတ်ပုံဆရာအနေနဲ့ သရုပ်ဆောင်ထားပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/0a/0afccbfdff99ca657388373b0cff6b6ec1a51653.jpg

အဲဒီနောက် ဆားဘီးယားနိုင်ငံက ရိုက်ကူးတဲ့ ကာတွန်းကား Puffins မှာလည်း အသံသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=962,q=100/c8/c8cc4916422f2a3fad254b137dbb48b0fe910176.jpg

ဒီဇာတ်ကားတွေမှာ ထူးချွန်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ဆားဘီးယားရဲ့ ယဥ်ကျေးမှု အဆင့်အတန်း၊ အနုပညာ အရည်အသွေးကို ကမ္ဘာက သိခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ဆားဘီးယား သမ္မတကြီး ကိုယ်တိုင် ဂျော်နီ့ကို ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ ဆုလက်ခံယူရင်းနဲ့ ဂျော်နီက ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ သူက မကြာသေးခင်ကမှ ဇနီး Amber Heard နဲ့ ကွာရှင်းတဲ့ ဇာတ်ရှုပ်တွေကြောင့် နာမည်မကောင်း ဖြစ်ခဲ့ရပါတယ်။ အခု ဒီဆုကြီးကို ရရှိခြင်းက သူ့ရဲ့ ဘဝကို ပိုကောင်းအောင် ပြောင်းလဲပေးမယ့် အရွေ့တစ်ခု ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/67/67f100d38a190557c6428c9dfc99a2afba915e2c.jpg

Ref : https://www.pinkvilla.com/entertainment/hollywood/johnny-depp-receives-medal-honour-serbian-president-says-i-re-beginning-1025275

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T