အလှအပပိုင်းဆိုင်ရာတွေမှာ ဦးဆောင်လမ်းပြသူ ၊ မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော Beauty Blogger ဖြစ်ပြီး အမျိုးသမီးထုကြီးကို ရှိတာနဲ့ အလှဆုံး ဆင်မြန်းတတ်အောင် လမ်းပြသူကတော့ အားလုံးက ချစ်ရတဲ့ Blogger မဝင်းမင်းသန်း ပဲဖြစ်ပါတယ်။


မဝင်းမင်းသန်း ဟာ (၂၀၁၃) ခုနှစ် မှ စတင်ကာ Beauty Blogger အဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော Beauty Blogger ဖြစ်ပါတယ်။ သူမ ကို သူမရဲ့ ပရိတ်သတ်တိုင်းက အဝင်း လို့ ချစ်စနိုးလို့ခေါ်ဆိုကြပါတယ်။


အားလုံးက အဝင်းလို့ ခေါ်ဆိုကြတဲ့ မဝင်းမင်းသန်း ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် လက်ရှိမှာ ထိန်းသိမ်းခံထားရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ(၁၆)ရက်နေ့ဟာ သူမရဲ့ (၃၉) နှစ်ပြည့်မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်။ အဝင်း ခေါ် မဝင်းမင်းသန်း တစ်ယောက် ဘေးရန်ကင်းရှင်းစွာနဲ့ ပြည်သူ့ရှေ့မှောက် အမြန်ဆုံးပြန်လည်လွတ်မြောက်လာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။






