တောင်ကိုရီးယားမင်းသမီး Park Shin Hye ဟာဆိုရင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ သူမရဲ့ ဆံပင်ပုံစံအသစ်ကို ပရိသတ်တွေဆီ ထုတ်ဖော်ပြသပေးခဲ့ပါတယ်။ ဆံပင်ပုံစံအသစ်လေးနဲ့ဓာတ်ပုံလေးတွေကို Park Shin Hye မှ သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာဝေမျှပေးထားတာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာဆိုရင် ဆံပင်လေးက အရမ်းကိုတိုသွားတာကြောင့် ကလေးလေးတစ်ယောက်လိုမျိုးတောင်ဖြစ်နေပါတယ်။ Park Shin Hye ဟာ လက်ရှိမှာ ကိုယ်ဝန်လွယ်ထားရတာဖြစ်တာကြောင့် နေရထိုင်ရတာ ပိုပြီးသက်တောင့်သက်သာရှိဖို့အတွက် ဆံပင်ညှပ်လိုက်တာဖြစ်တယ်လို့လည်း ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။

ဆံပင်အတိုလေးနဲ့ဓာတ်ပုံလေးကို ဝေမျှပေး ရင်းနဲ့ Park Shin Hye တစ်ယောက် ဆံပင်ညှပ်လိုက်တာ အရမ်းတိုသွားလားဆိုတဲ့ မေးခွန်းကိုပါ ပရိသတ်တွေကိုမေးထားပါသေးတယ်။

ဆံပင်လေးက နည်းနည်းတိုသွားပေမယ့် သူမရဲ့ မျက်နှာသေးသေးလေးနဲ့ကတော့ လိုက်ဖက်ပြီးချစ်ဖို့ကောင်းနေတုန်းပါပဲနော်။


Park Shin Hye ဟာ သရုပ်ဆောင် Choi Tae Joon နဲ့ အခုနှစ် ဇန်နဝါရီလမှာ လက်ထပ်ခဲ့တာဖြစ်ပြီး သာယာပျော်ရွှင်စရာ မိသားစုဘဝလေးကို ရရှိထားတဲ့သူလေးပဲဖြစ်ပါတယ်။