ခပ်ဆန်းဆန်း တေးသီချင်းစာသား များ ၊ အသံချိုချို နဲ့ ပရိတ်သတ်တွေရဲ့ စိတ်အာရုံနဲ့အသည်းနှလုံးကို ညှို့ယူဖမ်းစားထားသူကတော့ အားလုံးက ချစ်ကြတဲ့ တေးသံရှင် ကိုအရိုး ပဲဖြစ်ပါတယ်။

ကိုအရိုးဟာ " လူလည်အာရှသား ၊ နေသာလေလာတဲ့နေ့ ၊ ဥ ၊ ပတ်ဝန်းကျင် ၊ အမဲကပ်ကျပ်တိုက်ကြော် ၊ ဒါရိုက်တာ ၊ ကန်တင်းထဲကကွင်းလက်ချာ " အစရှိတဲ့တေးသီချင်းများကိုသီဆိုခဲ့ပြီး ပရိတ်သတ်တွေရဲ့အားပေးမှုရရှိခဲ့ပါတယ်။ သူဟာ အခြားသောအနုပညာလှုပ်ရှားမှုများအနေနဲ့ စာရေးခြင်း နှင့် ပန်းချီဆွဲခြင်းတို့ကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။

ဒီကနေ့ဟာ ကိုအရိုး ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ ဒီကနေ့ကျရောက်လာတဲ့ မွေးနေ့မှာ ကိုအရိုး တစ်ယောက် ဒီ့ထက်ပိုပြီးစိတ်ချမ်းမြေ့ရတဲ့ဘဝမှာ နေထိုင်ရပါစေ၊ ချစ်သောအနုပညာများ ၊ ပရိတ်သတ်များနှင့်အမြဲပျော်နေနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။




