ဂျွန်စော ပါဝင်သရုပ်ဆောင်မယ့် သိပ္ပံစိတ်ကူးယဥ် ဇာတ်လမ်းတွဲအသစ် "Black Knight"

//s9.kh1.co/34/3445a4a12f2fc11e8dcc671018fcc0ca0b45479b.jpg
အနုပညာရှင်များ

 ၁၁-ဖေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

.

ဒီနှစ်ထဲ ရိုက်ကူးမယ့် "Black Knight" အမည်ရ သိပ္ပံစိတ်ကူးယဥ် ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ဂျွန်စော (စောဆောင်ဟွန်း) က ဖေဖော်ဝါရီ ၁၀ ရက်နေ့က အတည်ပြုပေးခဲ့ပါတယ်။

https://s9.kh1.co/__image/w=500,h=743,q=100/b5/b57984b18811029ba6b8fe16ccfdfbec3037547d.jpg

ဝါရင့်မင်းသားကြီး ဂျွန်စောက ဒီကားမှာ ဗီလိန် သူဌေးသားနေရာက ပါဝင်မှာပါ။ ဇာတ်လမ်းက တော်တော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၂၀၇၁ ခုနှစ်မှာ ကမ္ဘာကြီးပျက်လုမတတ် ဖြစ်နေတဲ့အချိန်ကို အခြေခံထားတာပါ။

https://s9.kh1.co/__image/w=600,h=600,q=100/bc/bc890973f445e15da188a8d33c2972f74759c6ed.jpg

လေထုက မသန့်ရှင်းတော့တဲ့အတွက် လူတိုင်းက ကိုယ်ပိုင် အသက်ရှူစက်နဲ့ နေနေရပါတယ်။ အဲဒီအချိန်မှာ လူတွေ လိုအပ်သမျှကို သယ်ယူပို့ဆောင်ပေးတဲ့ ဒယ်လီသမားလေးတွေက ဟီးရိုးပါပဲတဲ့။ ဟီးရိုးတစ်ယောက်အနေနဲ့ ပါဝင်ထားတာက Home town Cha Cha Cha ထဲက မင်းသမီးလေးရဲ့ ရည်းစားဖြစ်သူ ကင်ဝူဘင်းပါ။

https://s9.kh1.co/__image/w=650,h=552,q=100/e9/e991376a1d710f5076e98ebb8581e3ffcb32a943.jpg

နောက်ပြီး Esom ဆိုတဲ့ မင်းသမီးကတော့ အစိုးရအရာရှိအနေနဲ့ ပါဝင်မှာပါ။

https://s9.kh1.co/__image/w=650,h=434,q=100/92/926e05ce28bf480fff86c2f6d8e1bf35921818c1.jpg

ဇာတ်လမ်းကတော့ တကယ်မိုက်တယ်နော်။ ဒီဇာတ်ကားကို Netflix မှာလည်း ပြသသွားမယ်လို့ သိရပါတယ်။ အားပေးဖို့ ရယ်ဒီလုပ်ထားကြပါနော်။ မင်းသားတွေက အကုန်အချောတွေချည်းပါပဲ။

https://s9.kh1.co/__image/w=650,h=583,q=100/21/21aa0e5924a7f910d20b4561b7523c670d3be860.jpg

Ref : https://mydramalist.com/article/song-seung-heon-is-confirmed-to-star-in-netflix-s-black-knight

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T