ခိုင်နှင်းဝေကတော့ ပရဟိတ လုပ်ငန်းတွေကို စိတ်အားတက်ကြွစွာနဲ့ ပါဝင်ကူညီပေးနေတဲ့အပြင် မိဘမဲ့ဂေဟာကိုလည်း ဦးစီးကာ အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်မဲ့နေတဲ့ ကလေးငယ်လေးတွေအတွက် မိခင်ရင်းနဲ့မခြား ပြုစုစောင့်ရှောက်မှုတွေ ပေးနေခဲ့တာပဲ ဖြစ်ပါတယ်။


မေမေခိုင်နှင်းဝေက သူကျွေးမွေးပြုစု စောင့်ရှောက်ထားတဲ့ ကလေလေးတွေ ဆေးရုံတင်ရတိုင်း ဝမ်းနဲ့လွယ်မွေးရတဲ့ မိခင်ရင်းတစ်ယောက်သဖွယ် စိတ်ပူနေရှာတာပဲ ဖြစ်ပါတယ်။


သမီးလေး "ခိုင်ယမင်းမေ "ကို အရေးပေါ်ဆေးရုံတင်ထားရပြီး သက်သာလာတဲ့ အတွက် ဆေးရုံမှ ဆင်းရပါပြီရှင်..အောက်ဆီဂျင်ပိုက်တွေဖြုတ်ပြီး လန်းဆန်းနေကောင်းသွားပါပြီ..ကလေး တစ်ယောက်ဆေးရုံတင်ရတိုင်း စိတ်ပူရပေမဲ့ နေကောင်းသွားရင် အတိုင်းမသိဝမ်းသာရပါတယ်..နှလုံးသားနဲ့ ရင်းရတဲ့ ကုသိုလ်ရေးလေးတွေပါပဲရှင်..❤️❤️…ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။


မိခင်ရင်းပမာ နွေးနွေးထွေထွေး ချစ်ခြင်းမေတ္တာတွေ ပေးစွမ်းနိုင်တဲ့ ခိုင်းနှင်းဝေကို ပရိသတ်တွေက ဂုဏ်ယူပြီး လေးစားအားကျနေကြတာပဲ ဖြစ်ပါတယ်။


Source : Khine Hnin Wai's Facebook Acc