ယခုအခါ နာမည်ကျော်ကြားနေတဲ့ Idiots Band မှာ တစ်ချိန်က Guitarist အဖြစ်တာဝန်ယူခဲ့တဲ့ ကိုဘိုအဲ ဟာ ယမန်နေ့ ဖေဖော်ဝါရီ(၁၀)ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။


ကိုဘိုအဲ ဟာ တစ်ချိန်က Idiots Band နဲ့အတူ ခေတ်သစ်ကျောက် Album အပြင် အခြားသောအောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းများကို တာဝန်ယူတီးခတ်ပေးခဲ့ရတဲ့ Guitarist တစ်ဦးဖြစ်တယ်လို့လည်းဆိုပါတယ်။


ယမန်နေ့ ဖေဖော်ဝါရီ(၁၀)ရက်နေ့မှာ ကိုဘိုအဲ ဟာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ ကိုဘိုအဲကို အားပေးကြတဲ့ တစ်နိုင်ငံလုံးက ပရိတ်သတ်များကလည်း ဒီသတင်းအပေါ်အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်။ ကိုဘိုအဲတစ်ယောက် ကောင်းရာဘုံဘဝရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။




