ဟန်ဆိုဟီးနဲ့ ဆုန်ကန်းတို့သာ ကလေးရခဲ့ရင် ဒီလိုရုပ်လေးထွက်မှာလို့ ပရိသတ်တွေ ပြောနေကြတဲ့ အားကစားသမားလေး

//s9.kh1.co/1a/1a0ce064897ab8866cf09573f3ffb65d6d4881a1.jpg
အနုပညာရှင်များ

 ၁၀-ဖေ-၂၀၂၂ ၁၁am · လွန်ခဲ့သော ၄ နှစ် က

.

၂၀၂၂ ဘေဂျင်းအိုလံပစ်ပွဲတော်မှာ ပြိုင်ပွဲဝင်နေကြတဲ့ အားကစားသမားတွေဟာ လတ်တလော ရေပန်းစားနေပါတယ်။ အားကစားအမျိုးမျိုး ရှိတဲ့ထဲမှာ ရေခဲပြင်စကိတ်စီးတာလည်း ပါပါတယ်။ ဒီပြိုင်ပွဲအတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ဂုဏ်ဆောင် ရေခဲပြင်စကိတ်သမားလေးကတော့ အသက် ၂၀ သာ ရှိသေးတဲ့ ချာဂျွန်းဟွမ်ဆိုတဲ့ လူချောလေး ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=835,q=100/0f/0f27214af4c05047819dcd422964676ad07717cd.jpg

အားကစားမှာ တော်ရုံတင်မက ရုပ်ကလည်း မင်းသားလုပ်လို့ရလောက်အောင် ချောတာပါ။ သူ့ပုံလေးတွေ ဆိုရှယ်မီဒီယာမှာ ပြန့်လာတော့ ပရိသတ်တွေ ကြွေနေကြပါတယ်။

https://s9.kh1.co/__image/w=650,h=382,q=100/02/02cecb22c97ccbf39cea34b3c91e1a807da04d9e.jpg

ကြွေရုံတင်မကဘဲ သူ့ကို မင်းသား မင်းသမီးထဲက တစ်ယောက်ယောက်နဲ့ တူတယ်လို့ ထင်လာကြပါတယ်။ နောက်ဆုံးမှာတော့ သူ့မျက်နှာလေးကို ဆုန်ကန်းရယ် ဟန်ဆိုဟီးရယ်နဲ့ တွဲကြည့်လိုက်တဲ့အခါ တကယ် ရုပ်ဆင်နေတာကို သွားတွေ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=440,q=100/44/4465eeef9617c0192dbb7a3d3b48374cd4975d48.jpg
https://s9.kh1.co/__image/w=650,h=419,q=100/4e/4ea3991b4ac1d3cbbd0353853a83a8221f7dcc3f.jpg

ဟန်ဆိုဟီးရဲ့ နူးညံ့ပြီး ဆွဲဆောင်မှုရှိတဲ့အလှရယ် ဆုန်ကန်းဆီက မျက်ခုံးနဲ့ နှုတ်ခမ်းထူထူလေးရယ် အချိုးကျ ပေါင်းစပ်ထားတဲ့ တကယ့်လူချောလေးပါပဲ။ ဒါကြောင့် ပရိသတ်တွေကလည်း ဟန်ဆိုဟီးနဲ့ ဆုန်ကန်းသာ ကလေးလေးတစ်ယောက် မွေးခဲ့ရင် ဒီရုပ်လေး ထွက်မှာလို့ ပြောနေကြတာပါ။ သူတို့နှစ်ယောက်က Nevertheless ဆိုတဲ့ လူငယ်အချစ်ကားလေးထဲမှာ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြတာပါ။

https://s9.kh1.co/__image/w=650,h=933,q=100/b4/b4d6acf34f49db6bfc299fe6be6e64da6734f27f.jpg

Ref : https://www.koreaboo.com/news/cha-jun-hwan-korean-figure-skater-song-kang-han-so-hee/

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T