မြန်မာသရုပ်ဆောင် ဒေါင်းနဲ့ နှင်းသွေးယုအောင်တို့ ပါဝင်ထားတဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်လမ်းတွဲလေးကတော့ ဇာတ်သိမ်းသွားခဲ့ပါပြီ။ သိမ်မွေ့တဲ့ သမိုင်းထဲက အချစ်ဇာတ်လမ်းရယ်၊ အရှေ့တိုင်းယဥ်ကျေးမှုတွေ ထုံလွှမ်းထားတဲ့ ဒီရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း တကယ်တော်ကြပါတယ်။

ဒေါင်းက အရင်ကတည်းက နာမည်ကြီးပြီးသား မင်းသားတစ်လက် ဖြစ်ပေမဲ့ နှင်းသွေးယုအောင်ကတော့ အရင်က Miss Universe 2018 မှာ သွားရောက် ယှဥ်ပြိုင်ထားတဲ့ အလှမယ်ပါ။ ဒါပေမဲ့ အသစ်လို့ မထင်ရလောက်အောင် ဒီဇာတ်လမ်းမှာ သရုပ်ဆောင် ပိုင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဘိုးတော်ဘုရားရဲ့ ကိုယ်လုပ်တော်အနေနဲ့ သရုပ်ဆောင်ရာမှာ သူမရဲ့ သိမ်မွေ့လှပတဲ့ မျက်နှာသွင်ပြင်ဟာ တော်ဝင်မင်းသမီးတစ်ယောက်အသွင် ထင်ရတာကြောင့် ကာရိုက်တာနဲ့ ထပ်တူကျခဲ့ပါတယ်။

ဒီကားမှာ ထိုင်းမလေးတွေလည်း ပါပေမဲ့ အားလုံးထဲ နှင်းသွေးယုအောင်ဟာ အလှဆုံး၊ အထင်ပေါ်ဆုံး ဖြစ်လို့နေပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားက ပရိသတ်တွေက နှင်းသွေးယုအောင်ကို လှလွန်းလို့ စိတ်ဝင်စားနေကြပါပြီ။

သူမကလည်း အခု ဇာတ်လမ်းထုတ်လွှင့်လို့ ပြီးတဲ့အချိန်မှာ ဒါရိုက်တာ၊ သရုပ်ဆောင်နည်းပြတွေရယ် Miss Universe စပြိုင်ကတည်းက ကူညီပေးခဲ့ဖူးသူတွေကို ကျေးဇူးတင်ကြောင်း facebook မှာ ရေးသားခဲ့ပါတယ်။ Miss Universe တစ်ယောက်ဖြစ်လို့ အရပ်အမောင်း၊ ခန္ဓာကိုယ်နဲ့ အရည်အချင်းမှာ တစ်ပန်းသာပြီးသား အမျိုးသမီးလေးပဲ ဖြစ်ပါတယ်။

Photo Courtesy - Hnin Thway Yu Aung Facebook





