၂နှစ်တာကာလအတွင်းမှာ ဘာဝင်ငွေမှမရှိဘဲ မိသားစုကိုရပ်တည်နိုင်အောင် မနည်း handle လုပ်နေခဲ့ရတယ်ဆိုတဲ့ G Fatt

//s9.kh1.co/60/6047d9d89deab29af4e029c91495efd9ca7f2dee.jpg
အနုပညာရှင်များ

 ၀၇-ဖေ-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

နဂိုတည်းကပြည့်စုံတဲ့ဘဝက လာခဲ့တာမဟုတ်တဲ့အတွက် ....

G Fatt ကတော့ လူငယ်တွေ အရမ်းကြိုက်နှစ်သက် ရတဲ့ တေးသံရှင် တစ်ယောက်ဖြစ်ပြီး သူရေး ဖွဲ့လိုက်တဲ့ သီချင်း စာသားတိုင်း ကလည်း ရင်ကိုထိမှန်စေပါတယ်။ G Fatt ရဲ့ သီချင်းဟောင်းလေး တွေကလည်း ယနေ့အချိန်ထိ တိုင်မရိုးသွားသေး ဘဲ နားထောင်လို့ ကောင်းနေဆဲ ဖြစ်တာကြောင့် ပရိသတ်တွေ ကြားမှာ အရမ်းရေပန်းစားနေတာ ဖြစ်ပါတယ်။

Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc

G Fatt ဟာ လက်ရှိမှာတော့ ကပ်ရောဂါတွေနဲ့ နိုင်ငံရေးပြဿနာတွေကြောင့် အနုပညာလှုပ်ရှားမှုတွေ မလုပ်ကိုင်နေခဲ့ရတာ ၂ နှစ်ကျော်ရှိခဲ့ပါပြီ။အရင်ထဲက ပြည့်စုံတဲ့မိသားစြဘဝက လာခဲ့တာမဟုတ်တဲ့အတွက် အတန်အသင့် မိသားစုကိုလုပ်ကျွေးနိုင်တာကလွဲ ဘာမှမပိုခဲ့ပါဘူးတဲ့ ။ သူကိုယ်တိုင်ကလည်း သီချင်းဆိုတာကလွဲလို့ တခြားစီးပွါးရေးလဲ မလုပ်နိုင်ခဲ့တဲ့ အတွက် ၂နှစ်တာကာလအတွင်းမှာ ဘာဝင်ငွေမှမရှိဘဲ မိသားစုကိုရပ်တည်နိုင်အောင် မနည်း handle လုပ်နေခဲ့ရပါတယ် ။ ဒီလိုအခက်အခဲလေးတွေကြောင့် G Fatt က သီချင်းသစ်တွေကို ပြန်လည်ဖန်တီးချင်နေပြီဆိုတဲ့အကြောင်းကို ပြောလာပါတယ်။

Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc

" ၆နှစ်ရှိတောင်ရှိခဲ့ပြီ ။

လွန်ခဲ့တဲ့ ၆နှစ် ဒီလိုလမှာ ပထဆုံးအခွေအတွက် အလုပ်တွေရှုပ်နေခဲ့ပေါ့ ။ လာမယ့် ၂၁ ရက်နေ့ဆို ဂျင်အခွေထွက်ခဲ့တာ ၆နှစ်ပြည့်ပါပြီ ။ သီချင်းဆိုတာကလွဲဘာမှ မလုပ်ချင်ခဲ့တဲ့ချာတိတ်ကို သီချင်းဆိုတာကလွဲ ဘာမှလုပ်စရာမလိုအောင် လောကကြီးကတွန်းပို့ခဲ့ပေါ့ ။ နဂိုတည်းကပြည့်စုံတဲ့ဘဝက လာခဲ့တာမဟုတ်တဲ့အတွက် အတန်အသင့် မိသားစုကိုလုပ်ကျွေးနိုင်တာကလွဲ ဘာမှမပိုခဲ့ပါဘူး ။

Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc

သီချင်းဆိုတာကလွဲလို့တခြားစီးပွါးရေးလဲ မလုပ်နိုင်ခဲ့ဘူး ။ ဒီကာလတွေမှာလဲ ကိုယ်နိုင်သလောက် ဝန်ကို လိပ်ပြာလုံစွာ ကိုယ်ထမ်းခဲ့ပါတယ် ။ တတိယမြောက် Album စလုပ်ချင်နေတယ် ။ သီချင်းအသစ်စက်စက်တစ်ပုဒ်လဲထုတ်ချင်နေတယ် ။ အရင်တည်းက ကျွန်တော်တို့ဘယ်အခွေထုတ်ထုတ် ဘယ်သီချင်းထုတ်ထုတ် ဖျော်ဖြေရေးပွဲတွေက ရတဲ့ဝင်ငွေနဲ့ပဲရပ်တည်ကြရတာပါပဲ ။၂နှစ်ရှိပြီ ဘာဝင်ငွေမှမရှိပဲ မိသားစုကိုရပ်တည်နိုင်အောင် မနည်း handle လုပ်နေရတယ် (ကိုယ့်အခက်အခဲကိုယ်ပဲသိလို့ အများကြီးမပြောလိုပါဘူး) ။

Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc

အဲ့လိုပြောလို့ ဘယ်ဖျော်ဖြေရေးပွဲမှ ဆိုဖို့ လဲ အစီအစဉ်မရှိပါဘူး ။ ဒါပေမယ့်သီချင်းအသစ်တော့ ထုတ်ချင်မိတယ် ။ ဒီလောက်ပါပဲ ။ ပရိတ်သတ်အားလုံးကိုသတိတရ လွမ်းရပါတယ် ။" ဆိုပြီး သူရဲ့ လူမှုကွန်ယက်ထက်က တစ်ဆင့် ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။

Photo Credit : G Fatt's Facebook Acc
Photo Credit : G Fatt's Facebook Acc

Source : G Fatt's Facebook Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T