ဖေဖော်ဝါရီ ၆ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ Running Man အပိုင်းသစ်မှာ အဖွဲ့ဝင် မိန်းကလေး ၂ ဦးဖြစ်တဲ့ ဂျီဟိုရော ဂျောင်ဆိုမင်းရော မလာနိုင်ခဲ့ပါဘူး။ ဆိုမင်းက ခြေထောက်ဒဏ်ရာကြောင့် အနားယူနေတာဖြစ်ပြီး ဂျီဟိုက ကိုဗစ်ကြောင့် Q ဝင်နေရတာပါ။

ဂျီဟိုက ကိုဗစ်ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဖြစ်ပုံက ဇန်နဝါရီ ၁၇ ရက်နေ့က Super Junior ထဲက အိုင်ဒေါလေး အွန်ဟွတ်က Running Man မှာ ပါဝင်ခဲ့ပါတယ်။

ပြီးတော့ ၂၀ ရက်နေ့မှာ ကိုဗစ်ဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ဒါကြောင့် Running Man အဖွဲ့သားအားလုံးကို ကိုဗစ်စစ်ခဲ့တာမှာ အားလုံး negative ထွက်ပါတယ်။ ဂျီဟိုလည်း negative ပေမဲ့ သူမက ကာကွယ်ဆေး အလက်ဂျစ်ရှိလို့ ဆေးမထိုးထားပါဘူး။ ဒါကြောင့် သူ့ဘာသာ Q ၁၀ ရက်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

ယူဂျယ်ဆော့က ဂျီဟို Q ဝင်နေတုန်း ဖုန်းဆက်သတင်းမေးလိုက်ပါသေးတယ်။ ဂျီဟိုက တစ်ယောက်တည်း အေးဆေး Q ဝင်နေရတာ ပျော်တယ်လို့တာင် ပြောခဲ့ပါသေးတယ်တဲ့။ ၈ ရက်နေ့မှာ ကိုဗစ် စစ်ပြီးရင် Q ဝင်တာ ထွက်လို့ရပါပြီတဲ့။

ဂျီဟိုက အနောက်တိုင်းဆေးဝါးတွေနဲ့ ဓာတ်မတည့်လို့ ပိုးသတ်ဆေးတောင် သောက်လို့မရပါဘူးတဲ့။ Running Man အစီအစဥ်ကို အမြန်ဆုံး ပြန်လာနိုင်ပါစေ ကောင်မလေးရေ။