BLACKPINK အဖွဲ့ရဲ့ အသက်အကြီးဆုံးmember ဖြစ်တဲ့ Jisoo လေးက အဖွဲ့ရဲ့ Visual ဖြစ်သလို၊ တက်ကြွဖျက်လက်တဲ့ Personality၊ အဖွဲ့ဝင်တွေအပေါ် ဂရုစိုက်မှု၊ ပေါင်းသင်းဆက်ဆံရေး ညက်ညောမှု၊ ပျော်ပျော်နေတတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။


အဖွဲ့ဝင် Jisoo က စင်ပေါ်ထက်မှာလဲ မြင်သူတိုင်းငေးမောရလောက်အောင် ထင်ပေါ်တဲ့အလှကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။ Jisoo လေးက ပြင်ဆင်ခြယ်သထားတဲ့ အချိန်မှာမှ လှတာမဟုတ်ဘဲ အိပ်ယာထကာစ အချိန်မှာတောင် Bare face လေးနဲ့တောင် လှနေသူလေးဖြစ်ပါတယ်။


မကြာသေးခင်က Weverse မှာတင်ခဲ့တဲ့ ပို့စ်တစ်ခုမှာတော့ ညအိပ်ဝတ်စုံလေးနဲ့ အိပ်ယာထကာစ မပြင်မဆင်ရသေးတဲ့ ပုံလေးတွေကိုတင်ခဲ့ပြီး ဆံပင်သေချာမဖြီးရသေးတာတောင် မိတ်ကပ်လိမ်းထားတဲ့ပုံနဲ့ ဘာမှမကွာဘဲ လှနေဆဲဖြစ်တာကိုတွေ့ရပါတယ်။


Jisoo က ညအိပ်အင်္ကျီလေးဝတ်ထားပြီး ဘာမှမလိမ်းချယ်ထားတဲ့ မျက်နှာလေးနဲ့ ဆံပင်တောင် သေချာမဖြီးထားတဲ့ ပုံလေးတွေကို Weverse မှာ တင်ထားခဲ့တာဖြစ်ပါတယ်။ Jisoo ကတော့ သူ့မျက်နှာက နိုးကာစဖို့ အနည်းငယ်ဖောင်းပြီး ဖောင်နေတယ်လို့ပြောပေမယ့် အဲ့ဒါလေးက ပရိသတ်အသည်းကို ခြွေနေတာဖြစ်ပါတယ်။ ။


ပရိသတ်တွေအတွက် Jisoo ရဲ့ မျက်နှာပြောင်အလှကို အခုမှပထမဆုံး မြင်ဖူးတာတော့မဟုတ်ပါဘူး။ Snowdrop ဇာတ်လမ်းတွဲရဲ့ အပိုင်း (၁) မှာလဲ မျက်နှာသစ်ပြပြီး မျက်နှာပြောင်လေးကို ပြသခဲ့ပါသေးတယ်။



Source : Allkpop