ပျားရည်အိုင် ၊ ဂျီဟောသူ အစရှိတဲ့ ဇာတ်လမ်းတွဲတွေမှာ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှုကြောင့် ပရိတ်သတ်ရင်ထဲစွဲငြိနေအောင် ညှို့ယူဖမ်းစားထားနိုင်သူလို့ဆိုလာရင်တော့ မင်းသမီးချောလေး မေမီကိုကို ကိုပဲ ဖော်ပြရမှာဖြစ်ပါတယ်။


သိပ်မကြာခင်ရက်ပိုင်းအတွင်းမှာ သရုပ်ဆောင် မေမီကိုကို သရုပ်ဆောင်ထားတဲ့ မကြေးစည်ဆိုတဲ့ ဇာတ်လမ်းတွဲလေး ပြသတော့မှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ မေမီကိုကိုအပါအဝင် အခြားသော သရုပ်ဆောင်များစွာ ပါဝင်ထားကြပါတယ်။


ဒီဇာတ်လမ်းတွဲလေးအတွက်ရင်ခုန်နေသူက မေမီကိုကိုနဲ့ပရိတ်သတ်တင်မကပဲ မေမီကိုကိုရဲ့ချစ်သူ ဒေါက်တာကျော်ဇောဟိန်း ပါ ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေတာပဲဖြစ်ပါတယ်။ သူဟာ သူ့ရဲ့Facebook Story တွင် ဓာတ်ပုံလေးတစ်ပုံတင်ထားတဲ့အပြင် သူ့ကောင်မလေးအတွက်လည်း Congratulations လို့ ရေးသားထားပြီး ဂုဏ်ယူနေတာ ဖြစ်ပါတယ်။ ဒေါက်တာကျော်ဇောဟိန်းနဲ့မေမီကိုကိုတို့ရဲ့ချစ်ခြင်းတွေလည်းခိုင်မြဲနိုင်ကြပြီး မကြေးစည် ဇာတ်လမ်းတွဲလေးလည်း အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။










