ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ Asia Optical မှန်ဘီလူးစက်ရုံမှာ အလုပ်သမားတွေ ရာနဲ့ချီကာ ကိုဗစ်ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

ဝန်ထမ်းပေါင်း (၃၁၀၀) ဦးအထိရှိတဲ့ မှန်ဘီလူးစက်ရုံမှာ အစုလိုက်အပြုံလိုက် ကိုဗစ်ကူးစက်ခံထားရတာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အချို့သော ရောဂါကူးစက်ခံရသူများမှာ ဆေး(၂)ကြိမ်ထိုးပြီးသားသူများပါဝင်တယ်လို့သိရပါတယ်။

ရောဂါပိုးတွေ့ရှိရသူတွေအနက် ရောဂါအခံရှိသူတွေကို ပုလဲဆေးရုံကို ပို့ဆောင်ထားပြီး ကျန်ရှိသူတွေကို သီးသန့်ထားရှိထားတယ်လို့ သိရပါတယ်။ ထိုကူးစက်ခံရသူများထဲမှ (၁၀)ဦးကိုစစ်ဆေးကြည့်ရာ ကူးစက်ခံရတဲ့ပိုးမှာ အိုမီခရွန်ဖြစ်နေတယ်လို့ ဆိုပါတယ်။
