အဘွားဖြစ်သူဒေါ်သဲနုခိုင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ရင်း ဝမ်းနည်းစွာငိုကြွေးခဲ့တဲ့ သရုပ်ဆောင် ယွန်းယွန်း

//s9.kh1.co/fd/fdc32bfe7ece89c070d2c7f389d900c233fc750c.jpg
အနုပညာရှင်များ

 ၀၂-ဖေ-၂၀၂၂ ၁pm · လွန်ခဲ့သော ၄ နှစ် က

အဘွား ဒေါ်သဲနုခိုင် ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေ .....

ဒေါ်သဲနုခိုင်ဟာ အမေများအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ပါဝင်ရိုက်ကူး သရုပ်ဆောင် ခဲ့တဲ့ ဝါရင့်အမျိုးသမီးကြီးတစ်ဦဖြစ်ပါတယ်။ သူမက ဇန်နဝါရီလ (၂၉) ရက် နံနက် ၁ နာရီ မိနစ် ၅၀ အချိန်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန် တွင် အသက် ၈၂ နှစ်ရှိပြီဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒေါ်သဲနုခိုင် အတွက် အနုပညာ အသိုင်းအဝိုင်းကလည်း ဝမ်းနည်းနှမြောနေကြသလို မိသားစုဝင်တွေကလည်း ဖြေမဆည်နိုင်အောင် ဖြစ်နေကြပါတယ်။ သရုပ်ဆောင် ယွန်းယွန်းကလည်း အဘွားဖြစ်သူဒေါ်သဲနုခိုင်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ရင်း မီးခိုးခေါင်းတိုင်ကိုကြည့်ကာ ဖြေမဆည်နိုင်အောင် ဝမ်းနည်းနေတာလည်း ဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : yoonyoon_yuki's IG Acc
Photo Credit : yoonyoon_yuki's IG Acc

“Until We Meet again miss you already grandma “ ဆိုပြီး စာသားလေးနဲ့အတူ သူမဝမ်းနည်းကြောင်းကို ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ယွန်းယွန်းရဲ့အဘွား ဒေါ်သဲနုခိုင် ကောင်းရာမွန်ရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးနေကြတာ ဖြစ်ပါတယ်။

Photo Credit : yoonyoon_yuki's IG Acc
Photo Credit : yoonyoon_yuki's IG Acc

Source: yoonyoon_yuki's IG Acc

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T