ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သရုပ်ဆောင် မေမီကိုကို ကတော့ mrtv 4 ဇာတ်လမ်းတွဲကနေ လူသိများလာခဲ့ပြီး အောင်မြင်နေတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ မြိုင် ဆိုတဲ့ ခပ်ခပ်ချေချေ ပုံစံလေးနဲ့ ပရိသတ်တွေအကြိုက်ကို ဖမ်းစားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


အခုတစ်ခါမှာလည်း လောကဓံရဲ့ ရိုက်ချက်တွေကို ကြေးစည်လို ချာချာလည်အောင် အရိုက်ခံရမယ့်ဇာတ်ကောင်အဖြစ် "မကြေးစည်" ဇာတ်လမ်းတွဲမှာပါဝင်လာတော့မှာ ဖြစ်ပါတယ်။


မေမီက အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်မယ့် "မကြေးစည်” ဇာတ်လမ်းလေးကိုတော့ လာမယ့် ဖေဖော်ဝါရီလ(၂)ရက်နေ့မှာ မနက်ဖြန်မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။

သူရဲ့ ဇာတ်လမ်းတွဲတိုင်းကို မလွတ်တမ်းကို အားပေးနေကြတဲ့ ပရိသတ်တွေအတွက် သူပါဝင်သရုပ်ဆောင် ထားခဲ့ဇာတ်လမ်းတွဲအသစ်လေးက မကြာခင်အချိန်မှာ ပြသတော့မှာဖြစ်တဲ့ သတင်းကောင်းလေးပဲဖြစ်ပါတယ်။

Source : May Mi Ko Ko - မေမီကိုကို's FB Acc





