ပရိသတ်တွေ အရမ်းချစ်တဲ့ Blackpink ထဲက ဂျီဆူးလေးကတော့ သူမရဲ့ ပထမဆုံးရိုက်တဲ့ ဒရာမာ Snowdrop မှာ သရုပ်ဆောင်စကေးတွေ ထုတ်ပြခဲ့ပါပြီ။

အစပိုင်းမှာ ဇာတ်လမ်းကို ဝေဖန်မှုတွေ ရှိခဲ့ပေမဲ့ အောင်မြင်မှု အကြီးအကျယ်ရခဲ့တဲ့ ဒရာမာလေးပါ။ ဂျီဆူးနဲ့ မင်းသား ဂျောင်ဟယ်အင်တို့ရဲ့ အပေးအယူကလည်း အရမ်းမျှပြီး လုံးဝ လိုက်ဖက်နေမှုကြီးပါပဲ။

ဒါတင်မက ကိုစိုးမိုးနိုင်လို့ ချစ်စနိုးခေါ်နေကြတဲ့ ဂျောင်ဟယ်အင်းက သူ့ အင်စတာဂရမ်မှာ ပို့စ်တင်တိုင်း photo by @sooyaa ဆိုပြီး ဂျီဆူးရိုက်ပေးတာလေး အမြဲ ရေးရေးနေတဲ့အခါ ပရိသတ်တွေက ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ တကယ်လည်း လိုက်တာမို့ နှစ်ယောက်တွဲသွားရင် ကောင်းမယ်လို့ ပြောနေကြတာပါ။

ဘာပဲဖြစ်ဖြစ် အပတ်တိုင်းမြင်နေကျ ယောင်းရိုတို့အတွဲလေးကို ဒီည နောက်ဆုံးအပိုင်းကြည့်ရမှာပါ။ ဂျီဆူးရဲ့ YG ent. က အင်စတာဂရမ်မှာ ဂျီဆူးပုံလေးနဲ့ တင်ထားခဲ့ပါတယ်။

ဂျီဆူးကတော့ ပထမဆုံး ဒရာမာမှာတင် သေချာလေး လုပ်ပြနိုင်ခဲ့ပြီမို့ အိုင်ဒေါအနေနဲ့သာမက မင်းသမီးလေးအနေနဲ့ပါ ပရိသတ်တွေက ဆက်မြင်ချင်နေကြပါပြီ။ အောင်မြင်ပါစေ ဂျီဆူးလေးရေ။