ခရစ်ယာန်ဓမ္မတေးသံရှင်တစ်ဦးဖြစ်သလို သီချင်းကောင်းတွေကို ဖန်တီးသီဆိုနိုင်တဲ့ အဆိုတော်ကြီး စောဝင်းလွင် ဟာ ၂၀၂၂၊ ဇန်နဝါရီ(၂၆)ရက်နေ့က သူနေထိုင်ရာ ပြင်ဦးလွင်မြို့မှာ မနက် ဆယ်နာရီက ကွယ်လွန်သွားခဲ့တယ်ဆိုတဲ့ သတင်းလေးကို စိတ်မကောင်းစွာ ကြားသိရပါတယ်။ အဆိုတော်ကြီး စောဝင်းလွင် ဟာ ကင်ဆာရောဂါနဲ့ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။


သူကိုယ်တိုင်ရေးစပ်ခဲ့ပြီး ကိုယ်တိုင်ခံစား သီဆိုထားတဲ့ "ဟောင်းပြီ" ဆိုတဲ့ သီချင်းလေးက နာမည်လေးနဲ့တင် အရမ်းကိုနားထောင်လို့ကောင်းပြီး အဓိပ္ပာယ်ရှိတဲ့သီချင်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

ကျန်ရစ်ခဲ့တဲ့ ရုပ်ကလာပ်ကိုတော့ ဇန်နဝါရီ(၂၈)ရက်နေ့၊ မနေ့က ခရစ်ယာန်ထုံးတမ်းအစဉ်အလာအတိုင်း သဂြိုလ်ပေးခဲ့ပြီး အဲဒီအခမ်းအနားပွဲမှာ တေးသံရှင်အိုင်ရင်းဇင်မာမြင့်က ဆရာ့သီချင်းတစ်ပုဒ်နဲ့ သီဆိုနှုတ်ဆက်ဂုဏ်ပြုသွားခဲ့တာပါတယ်။