မိခင်ဖြစ်သူမွေးနေ့ကို ပုံလှလှလေးတွေနဲ့မွေးနေ့ဆုတောင်းလုပ်ပေးခဲ့တဲ့ ရုပ်ရှင်မင်းသမီးကြီးမေသန်းနုရဲ့သား မင်းသန့်မောင်မောင်

//s9.kh1.co/84/84693edb1f6b8a34e074778624f52a312453e8f4.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

မိခင်ဖြစ်သူမွေးနေ့ကို ပုံလှလှလေးတွေနဲ့မွေးနေ့ဆုတောင်းလုပ်ပေးခဲ့တဲ့ ရုပ်ရှင်မင်းသမီးကြီးမေသန်းနုရဲ့သား မင်းသန့်မောင်မောင်

မြန်မာဝါရင့် ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ မေသန်းနုဟာဆိုရင်ရုပ်ရှင်လောကမှာ လူတိုင်းလိုလိုသိကြတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသမီးကြီးမေသန်းနုဟာ ဇန်နဝါရီ ၂၇ ရက်နေ့ ၊ ၁၉၆၁ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာဆိုရင် သူမရဲ့အသက်က ၆၁ နှစ်ပြည့်လို့ သွားပြီပဲဖြစ်ပါတယ်။ သူမမှာ အရမ်းချစ်ရတဲ့ သားလေး တစ်ယောက်ရှိပါတယ်။

Min Thant Mg Mg's Facebook
Min Thant Mg Mg's Facebook

မင်းသမီးကြီးမေသန်းနုရဲ့ သားဖြစ်သူ မင်းသန့်မောင်မောင် ဟာဆိုရင်လည်း သူ့ရဲ့မိခင်ကို အရမ်းချစ်ပြီး မိခင်နဲ့ပတ်သတ်တဲ့ အကြောင်းအရာလေးတွေကို အမြဲတင်ပေးနေကြဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း မင်းသန့်မောင်မောင်က သူ့မိခင်ရဲ့ ၆၁ နှစ်ပြည့်မွေးနေ့ကို ချစ်စရာဓာတ်ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးထားပါတယ်။

Min Thant Mg Mg's Facebook
Min Thant Mg Mg's Facebook

“Happy birthday to my beloved cute mother! Thank you for being into this world. You are an amazing mother and love u always! ???”

“ချစ်ရပါသော ကျွန်တော့်မေမေ ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေ။ ဒီကမ္ဘာလောကထဲကို ရောက်လာပေးလို့ ကျေးဇူးတင်ပါတယ်။ မေမေက အံ့ဖွယ်အမျိုးသမီးကြီးပါ။ အမြဲတမ်းချစ်နေမယ်နော် မေမေရေ”

Min Thant Mg Mg's Facebook
Min Thant Mg Mg's Facebook

 သားအမိနှစ်ယောက်ကတော့ ချစ်ဖို့ကောင်းနေကြရော .. ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေနော် အန်တီဆင့်ရေ ..

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T