ပြည်သူချစ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ဟားငါးကောင် အဖွဲ့ကတော့ ဖေဖော်ဝါရီ (၁) ရက်နေ့ လူထုလှုပ်ရှားမှုတွေ စတင်ပြုလုပ်တဲ့ အချိန်ကတည်းက လမ်းပေါ်ထွက်ပြီး တစ်တပ်တစ်အား ပါဝင်အားဖြည့်ခဲ့သူ ဖြစ်ပါတယ် ။
စိတ်တူကိုယ်တူတွေရှိကြတဲ့ သူတို့တစ်ဖွဲ့လုံးကတော့ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဖြစ်ပါတယ်။ တောထဲမှာနေရတာကြောင့် ပင်ပန်းပြီး ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ရပေမယ့် ရဲရင့်တဲ့စိတ်တွေနဲ့ ဆက်လက်တော်လှန်နေကြတာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲဘော်တွေရဲ့ စည်းလုံးတဲ့ စိတ်ဓာတ်လေးတွေက တော်လှန်ရေးအတွက်ပိုပြီး အားဖြစ်စေတာပါ။သူတို့အဖွဲ့ရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ရက်ကနေ အမြဲတင်ပေးလေ့ရှိပြီး ပရိသတ်တွေလည်း အားပေးနေကြတာပါ။
အခုမှာလည် တိုင်းကျော်တို့ ညီအကိုက လွတ်မြောက်နယ်မြေမှာ စားသောက်ဖို့အတွက် ဟင်းချက်စရာလေးတွေ ဝိုင်းကူလုပ်ပေးနေကြတာ ဖြစ်ပါတယ်။ အိမ်မှာဆို ဒီလိုအရာတွေ ပင်ပန်းဆင်းရဲစွာ ဒုက္ခခံစရာမလိုဘဲ နေနိုင်ပေမယ့်လည်း နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် ပင်ပန်းဆင်းရဲခံ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ ပရိသတ်တွေလည်း အားကြိုးမာန်တက် တိုက်ပွဲဝင်နေကြတဲ့ ဟားငါးကောင်အဖွဲ့ကိုလည်း အားပေးစကားလေးတွေ ပြောပေးသွားကြပါဦးနော်။
Source : Taingkyaw's Facebook Acc