ရန်ကုန်မြို့လယ်ခေါင် တစ်နေရာဖြစ်တဲ့ တိရစ္ဆာန်ဥယျာဉ် ဝန်းကြီးထဲမှာ တစ်ချိန်တစ်ခါက ကလေးများရဲ့ နိဗ္ဗာန်ဘုံ ကစားကွင်းကြီးတစ်ခုရှိပါတယ်။ ကစားကွင်းကြီးနာမည်က “ဒို့ပြည်သား” လို့သိရပြီး တစ်ခေတ်တစ်ခါကတော့ လာရောက်လည်ပတ်သူများဖြင့် စည်ကားလှတဲ့နေရာကြီးတစ်ခုဖြစ်ပါတယ်။

ကစားကွင်းကြီးမှာဆိုရင် ရိုလာကိုစတာ ၊ ဒလိမ့်တုံး ၊ တိုက်ကား ၊ မိုးပျံဖူဖောင်း ၊ မြင်းရထား၊ကျည်ဆံရထား စတဲ့ အမျိုးအစားစုံလင်လှတဲ့ ကစားစရာတွေ အများကြီးရှိတာကြောင့် တကယ်ကို ပျော်စရာကောင်းလွန်းလှပါတယ်။ ကစားကွင်းကြီးကို ၂၀၁၂ ခုနှစ်လောက်ကတည်းက စတင်ပိတ်သိမ်းခဲ့တာကြောင့် အခုအချိန်မှာဆိုရင် ကစားစရာ စက်ပစ္စည်း အဟောင်းတွေနဲ့ ချောက်ချားစရာနေရာကြီးတစ်ခုဖြစ်လို့နေပါပြီ။



တစ်ချိန်တစ်ခါက လှပခဲ့ပြီး ရယ်သံတွေနဲ့ပြည့်နှက်ခဲ့သည့်နေရာကြီးဟာ အခုအချိန်မှာဆိုရင်တော့ ဘယ်နေရာကြည့်ကြည့် တိတ်ဆိတ်ငြိမ်သတ်မှုအပြည့်နဲ့ ကျောချမ်းစရာကြီး ဖြစ်နေတာပဲနော်။



ပုံလေးတွေကို တစ်ပုံချင်းထောက်ကြည့်ရင်း ကစားကွင်းပစ္စည်းတွေကို နှမြောမိသလို တစ်ချိန်ကလေးဘဝတုန်းက ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရများကိုလည်း ပြန်လွမ်းမိပါတယ်။

