အေးချမ်းငြိမ့်ညောင်းတဲ့ ခရစ်ယာန်ဓမ္မတေးသီချင်းများ ရေးသားသီဆိုလေ့ရှိတဲ့ ဆရာစောဝင်းလွင် ဟာ အတော်အများက လေးစားခြင်းခံရလောက်အောင် ထူးချွန်တဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

ခရစ်ယာန်ဓမ္မတေးသံရှင်တစ်ဦးဖြစ်သလို၊ "ဟောင်းပြီ" သီချင်းမူပိုင်ရှင် တေးသံရှင် စောဝင်းလွင် ဟာ ယနေ့ ဇန်နဝါရီလ (၂၆) ရက်နေ့၊ နံနက် ၁၀ နာရီက ကင်ဆာရောဂါဖြင့်ကွယ်လွန်သွားကြောင်းသိရပါတယ်။

မြန်မာနိုင်ငံ အနှံ့က အနုပညာရှင်များ ၊ ပရိတ်သတ်များ နှင့် အခြားသော သူ့ရဲ့ မိတ်ဆွေများအားလုံးက ဆရာကွယ်လွန်ခဲ့ခြင်းအပေါ် ဝမ်းနည်းပူဆွေးနေကြကြောင်း အသီးသီးဖော်ပြခဲ့ကြပါတယ်။ အရမ်းကိုထူးချွန်လွန်းတဲ့ဆရာတစ်ယောက် ကောင်းရာသုဂတိလားပါစေ လို့ ဆုတောင်းပေးလိုက်ရပါတယ်။
