“ကျောက်ဖယားမှဧရာဝတီသို့ “ဆိုတဲ့ဇာတ်လမ်းတွဲနဲ့ ထိုင်မလေးတွေရဲ့ အသည်းနှလုံးတွေကိုခြွေချနိုင်တဲ့ ဒေါင်း

//s9.kh1.co/84/84436d644b700f41dd1809beb2334bcadc573fff.jpg
အနုပညာရှင်များ

 ၂၄-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၄ နှစ် က

ညှို့အားပြင်းတဲ့မျက်ဝန်း တည်ငြိမ်အေးဆေးတဲ့အပြုံး ယောကျာ်းပီသတဲ့ ပုံစံတွေနဲ့

သရုပ်ဆောင်ဒေါင်းကတော့ ” ပုဂံမြို့သူ ” ဇာတ်လမ်းတွဲ မှာ မောင်မောင်ကြီး ကာရိုက်တာနဲ့ ပရိသတ်တွေရင်ထဲရောက်ခဲ့သူပဲ ဖြစ်ပြီး ” Star Awards Best Tv Series Actor ” ဆုကို ပုဂံမြို့သူဇာတ်ကားနဲ့ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ မိန်းကလေးတိုင်း ကြွေနေရတဲ့ ဒေါင်းက အခုဆိုရုပ်ရှင်ကားကြီးတွေပါ ရိုက်ပြီး ပရိသတ်အားပေးမှုအပြည့်အဝရထားသူဖြစ်တဲ့အပဲ ဖြစ်ပါတယ်။

Photo Credit : Daung-actor's IG acc
Photo Credit : Daung-actor's IG acc
Photo Credit : Original Uploader 
Photo Credit : Original Uploader 

အခုဆိုရင် ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံအထိပါ အနုပညာအလုပ်တွေတိုးချဲ့လုပ်ကိုင်နေပြီဖြစ်တဲ့ ဒေါင်းဟာ ထိုင်းဒါရိုက်တာ၊ ထိုင်းသရုပ်ဆောင်တွေနဲ့အတူတူ “ကျောက်ဖယားမှဧရာဝတီသို့ “ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 

ထိုင်း - မြန်မာ ချစ်ကြည်ရေးအတွက် ရိုက်ကူးခဲ့တဲ့ "From Chaophara to Irrawaddy" Series ကို Thai PBS Channel မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပြီး ထိုင်းပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းတွဲအောင်မြင်တာနဲ့အမျှ ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒေါင်းဟာလည်း ထိုင်းမတွေရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ ပြည့်နှက်နေပြီး ထိုင်မလေးတွေရဲ့ အသည်းနှလုံးတွေကိုခြွေချနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 

ဒေါင်းရဲ့ ညှို့အားပြင်းတဲ့မျက်ဝန်းတစ်စုံနဲ့ သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ အပြုံး ယောကျာ်းပီသတဲ့ ပုံစံကြောင့် ထိုင်းမလေးတွေ ကြွေလောက်စရာ ဖြစ်နေတာလို့ဆိုရမှာပါ။

Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Photo Credit : Original Uploader 
Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T