လေးစီးပြိုင်ယာဉ်တိုက်မှုမှာပါဝင်ခဲ့ပေမယ့် ရုပ်ရှင်ကားတွေထဲကလို အသက်အန္တရာယ်ကနေ လွတ်မြောက်သွားတဲ့ မင်းသားကြီး အာနိုး

//s9.kh1.co/e7/e75d0d5f3ab9180e71557014ce7854636ece65e2.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

လေးစီးပြိုင်ယာဉ်တိုက်မှုမှာပါဝင်ခဲ့ပေမယ့် ရုပ်ရှင်ကားတွေထဲကလို အသက်အန္တရာယ်ကနေ လွတ်မြောက်သွားတဲ့ မင်းသားကြီး အာနိုး

အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်ထောင်စု အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ရုပ်ရှင်မင်းသားကြီး အာနိုးရှဝါဇနက်ဂါဟာ လေးစီးပြိုင်ယာဉ်တိုက်မှုမှာ ပါဝင်ခဲ့ပေမယ့်လည်း ရုပ်ရှင်ကားတွေထဲကလို အသက်အန္တရာယ်မရှိ လွတ်မြောက်သွားခဲ့ပါတယ်။

Google Photo
Google Photo

အာနိုးရှဝါဇနက်ဂါ ပါဝင်ခဲ့တဲ့ ပြင်းထန်တဲ့ယာဉ်တိုက်မှုဖြစ်စဉ်က ပြီးခဲ့တဲ့ သောကြာနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တုန်းက Brentwood မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Google
Google

ယာဉ်တိုက်မှုဖြစ်စဉ်မှာ အသက် ၇၄ နှစ်အရွယ် အာနိုးရှဝါဇနက်ဂါမောင်းလာတဲ့ Yukon ကားအနက်ရောင်က Toyota Prius ကား အပေါ်ကိုတတ်သွားခဲ့တာဖြစ်ပါတယ်။ Toyota Prius ကားထဲမှာရှိတဲ့ အမျိုးသမီးကတော့ ထိခိုက်ဒဏ်ရာရရှိမှု ပြင်းထန်တယ်လို့ သိရပါတယ်။

The scene of the crash in Brentwood involving former Gov. Arnold Schwarzenegger.(KTLA)
The scene of the crash in Brentwood involving former Gov. Arnold Schwarzenegger.(KTLA)

ယာဉ်မတော်တဆမှုဖြစ်စဉ်မှာ အရက်သေစာ သောက်စားထားခြင်းမရှိတာကြောင့် ဖြစ်စဉ်နဲ့ပတ်သတ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးအရေးယူထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T