သရုပ်ဆောင်တစ်ယောက်အနေနဲ့ပရိသတ်တွေဆီက အကြားချင်ဆုံးစကားလေးကို ဝေမျှပေးလိုက်တဲ့ မင်းသား Kwon Sang Woo

//s9.kh1.co/50/5054ccd55f978438f05d02f598a2aa09ab563c82.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

သရုပ်ဆောင်တစ်ယောက်အနေနဲ့ပရိသတ်တွေဆီက အကြားချင်ဆုံးစကားလေးကို ဝေမျှပေးလိုက်တဲ့ မင်းသား Kwon Sang Woo

တောင်ကိုရီးယားသရုပ်ဆောင် Kwon Sang Woo ဟာဆိုရင် ရုပ်ရှင်ဇာတ်လမ်းတွေတော်တော်များများမှာပါဝင်ဖူးတဲ့သူဖြစ်ပါတယ်။ အရမ်းကို သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့် Kwon Sang Woo ပါဝင်သရုပ်ဆောင်တဲ့ဇာတ်လမ်းတော်တော်များများဟာလည်း တော်တော်လေးကြည့်ကောင်းပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Arena Homme Plus မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ Kwon Sang Woo တစ်ယောက် သူ့ရဲ့ သရုပ်ဆောင်ချက်တွေအကြောင်းကို ဝေမျှခဲ့ပါတယ်။

Soompi
Soompi

လက်ရှိမှာဆိုရင် မင်းသား Kwon Sang Woo က “The Pirates: Goblin Flag” ဆိုတဲ့ ဇာတ်လမ်းကို ရိုက်ကူးနေတာဖြစ်ပါတယ်။ The Pirates: Goblin Flag မှာပါဝင်တဲ့ အက်ရှင်ဇာတ်ဝင်ခန်းနဲ့ ပတ်သတ်ပြီးတော့ Kwon Sang Woo ကအခုလိုပြောလာခဲ့ပါတယ်။

Soompi
Soompi

အက်ရှင်ခန်းတွေရိုက်ပြီဆိုရင် အဓိကအရေးအကြီးဆုံးက အရှိန်လို့ ထင်ပါတယ်။ ပရိသတ်တွေကို စိတ်ကျေနပ်မှုအများဆုံးပေးနိုင်မယ့် အက်ရှင်ဇာတ်ဝင်ခန်းတွေကို ဖန်တီးဖို့အတွက် ကိုယ်ခန္ဓာလှုပ်ရှားမှုနဲ့ပတ်သတ်ပြီး အရှိန်တစ်ခုလိုပါတယ်။ ကင်မရာဘောင်ထဲ ဝင်အောင်လှုပ်ရှားတာထက် ကိုယ့်ရဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုကိုပဲ ဟန်ချက်ညီညီ လိုက်ထိန်းဖို့ ကြိုးစားသင့်တယ်လို့ ကျွန်တော်ကတော့ထင်ပါတယ် ။

Kwon Sang Woo
Soompi
Soompi
Google
Google

သရုပ်ဆောင်ပိုင်းနဲ့ပတ်သတ်ပြီးတော့လည်း Kwon Sang Woo တစ်ယောက် အကြားချင်ဆုံးစကားလေးကို အခုလို ဝေမျှပေးလာခဲ့ပါတယ်။

ကျွန်တော် သရုပ်ဆောင်တစ်ယောက်အနေနဲ့ကြားချင်တဲ့စကားက ကျွန်တော်က ကျရာ ဇာတ်ရုပ်မျိုးစုံမှာ သရုပ်ဆောင်နိုင်တယ်ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ အမှန်အတိုင်းဝန်ခံရရင် ဒီစကားလုံးလေးက ကျွန်တော်အကြားချင်ဆုံး စကားပါ

Kwon Sang Woo
Dispatch Photos
Dispatch Photos

Kwon Sang Woo ဟာ လက်ရှိမှာလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ နာမည်တစ်ခုမှာရပ်တည်နိုင်နေပြီဖြစ်ပေမယ့် သူ့ရဲ့ ရည်မှန်းချက်က စွယ်စုံရ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တာဖြစ်ကြောင်းကို ထပ်မံပြောထားတာဖြစ်ပါတယ်။ အမြဲတမ်း ကြိုးစားချင်စိတ်ရှိနေတဲ့ Kwon Sang Woo တစ်ယောက်နောက်ထပ်လည်း အောင်မြင်မှုတွေ ရရှိလာဦးမယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။

Source - Soompi

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T