ကွမ်ဆူးနဲ့ EXO ဆယ်ဟွန်းတို့ ပါဝင်တဲ့ ပင်လယ်ဓါးပြ ရုပ်ရှင်အသစ်

//s9.kh1.co/16/160777613fccff7db853e66471d51b9c12861a96.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၂ ၁၁am · လွန်ခဲ့သော ၂ နှစ် က

.

လာမယ့် ၂၆ ရက်နေ့မှာ ကွမ်ဆူး၊ ဒုံရီ မင်းသမီးလေး ဟန်ဟိုဂျူးနဲ့ EXO ဆယ်ဟွန်းတို့ ပါဝင်ထားတဲ့ ပင်လယ်ဓါးပြရုပ်ရှင် The Pirates : Goblin Flag ကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ကြိုတင်လက်မှတ်ပေါင်း ၅ သောင်းကျော်တောင် ရောင်းထားရပြီး ကိုရီယား ပရိသတ်တွေ အရမ်းအားပေးချင်နေကြတာပါ။ အားပေးချင်စရာ ကောင်းလောက်အောင် သရုပ်ဆောင်တွေက ရှယ်တွေ ဖြစ်သလို ဇာတ်လမ်းလည်း မိုက်ပါတယ်။

https://s9.kh1.co/__image/w=630,h=420,q=100/c3/c3032d64f8c5fde005a7e9f1dd0ef82562e074f7.jpeg

ဂိုလျောတိုင်းပြည်ရဲ့ ပျောက်ဆုံးသွားတဲ့ ရတနာကို ပင်လယ်ဓါးပြတွေက ရှာဖွေမယ့် ဇာတ်လမ်းပါ။ ဟာသ စွန့်စားခန်းရုပ်ရှင်ဖြစ်ပြီး မင်းသား မင်းသမီးလေးတွေဟာ ချမ်းအေးတဲ့ ဆောင်းရာသီထဲ ၃၅ ရက်တောင် ရေထဲမှာ ရိုက်ကူးထားရတာပါတဲ့။ ဒါရိုက်တာကတော့ သူတို့ရဲ့ သွေး ချွေးနဲ့ ပေးဆပ်ရိုက်ကူးထားလို့ တကယ်ကောင်းမှာပါလို့ ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=650,q=100/26/268d87893eb3fcaede22230037002c139a9c8978.png

၂၀၁၄ တုန်းက The Pirates ဇာတ်ကား ထွက်ခဲ့ဖူးပြီး အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ ရိုက်တာပါ။ ဒါပေမဲ့ ဒါရိုက်တာကစလို့ မင်းသား မင်းသမီးလည်း မတူပါဘူး။ အရင်ဇာတ်ကား မကြည့်ဖူးဘဲ ကြည့်လည်း ရပါတယ်။ ကွမ်ဆူးလေးကို ဘယ်လို ဟာသပုံစံတွေ မြင်ရမလဲ စောင့်ကြည့်လိုက်ရအောင်နော်။

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T