သမာအာဇီဝဈေးရောင်းနေတဲ့ အဘိုးအဘွား ၇ ဦးစီအတွက် ငွေကျပ် ၇ သိန်းလှူဒါန်းပေးခဲ့တဲ့ လူရွှင်တော်မိုးစက်

//s9.kh1.co/ae/ae17aa0a0d4e81539c354f5a0989409963e0f654.jpg
အနုပညာရှင်များ

 ၂၃-ဇန်-၂၀၂၂ ၁၀am · လွန်ခဲ့သော ၂ နှစ် က

သမာအာဇီဝဈေးရောင်းနေတဲ့ အဘိုးအဘွား ၇ ဦးစီအတွက် ငွေကျပ် ၇ သိန်းလှူဒါန်းပေးခဲ့တဲ့ လူရွှင်တော်မိုးစက်

လူရွှင်တော်မိုးစက်ဟာဆိုရင် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ လာရောက်လှူဒါန်းပေးနေတဲ့ အလှူရှင်တွေကိုယ်စား လိုအပ်နေတဲ့သူတွေဆီကို ငွေကြေးလိုက်လံလှူဒါန်းပေးနေတဲ့သူဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း လူရွှင်တော်မိုးစက်ဟာ သမာအာဇီဝဈေးရောင်းနေတဲ့ အဘိုးအဘွား ၇ ဦးစီအတွက် တစ်ဦးကို ငွေကျပ် ၁ သိန်းစီဖြင့် စုစုပေါင်း ငွေကျပ် ၇ သိန်းတိတိကို လှူဒါန်းပေးခဲ့ပါတယ်။ ဒီအလှူလေးကို အမေရိကန်နိုင်ငံက အလှူရှင်တွေကိုယ်စား လူရွှင်တော်မိုးစက်က လှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အခုလို တင်ထားပါတယ်။

Moe Sat's Facebook
Moe Sat's Facebook
Moe Sat's Facebook
Moe Sat's Facebook

“သမာအာဇီဝ ဈေးရောင်းချနေသော

သက်ကြီးဖိုးဖွား (၇) ဦးအတွက် (၇)သိန်းကျပ်။ ❤️

ဝမ်းသာ ဝမ်းနည်း ပီတိဖြစ်ခဲ့ရတဲ့

ယနေ့ အတွက်

ကိုယ်စား အလှူလေးပါခင်ဗျာ။

USA နိုင်ငံ မှ

သားသား မီးမီးလေးတွေ ဖြစ်တဲ့

“Timothy, Adriana, Aaron,

Aanalise & Ayden…” တို့မှ

မြန်မာပြည်မှာ ရှိတဲ့ သက်ကြီးဖိုးဖွားတို့အတွက်

တစ်ဦး ကို တစ်သိန်းကျပ် လှူဒါန်းပေးပါတဲ့ ။

Moe Sat's Facebook
Moe Sat's Facebook

ပျော်ရွှင် ကြည်နူးစွာနဲ့

ဒီနေ့ အားလုံး လှူဒါန်းပြီးပါပြီခင်ဗျာ။

ကျွန်တော်လှူဒါန်းချင်သည့်

သက်ကြီးဖိုးဖွားများကိုလှူဒါန်းခွင့်ရအောင်

ပါရမီဖြည့်ပေးကြတဲ့

တစ်ဦးတစ်ယောက်စီတိုင်းကို

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ❤️?

#မိုးစက်

#MoeSat”

Moe Sat's Facebook
Moe Sat's Facebook

လူရွှင်တော်မိုးစက်မှ အလှူရှင်တွေကိုယ်စား လှူဒါန်းပေးခဲ့တဲ့ သူတွေက သာကေတဒေါပုံက မြေပဲပြုတ်ရောင်းတဲ့အဖိုး ၊ တောင်ဒဂုံ ၂၁ ရပ်ကွက်က ပန်းရောင်းနေတဲ့ အဖွား ၊ မြို့ထဲ ၁၈ လမ်းထိပ်က သပွတ်သီးခြောက်လေးတွေရောင်းတဲ့ အဖွား ၊ မြောက်ဒဂုံ ၄၉ ရပ်ကွက်က ကန်စွန်းဥပြုတ် ပြောင်းဖူးပြုတ်ရောင်းတဲ့အဖွား ၊ ဗိုလ်ချုပ်လမ်း မီးပွိုင့်နှင့်ဘုန်းကြီးလမ်းထောင့်က ကွမ်းယာရောင်းတဲ့အဖွား ၊ မြောက်ဒဂုံ မန္တလေးဈေးက တိုလီမိုလီအစုံရောင်းတဲ့အဖွား ၊ တောင်ဒဂုံ ၂၁ ရပ်ကွက်က ရာသီပေါ် အသီးအနှံလေးတွေ ရောင်းတဲ့အဖွား  တို့ဖြစ်တယ်လို့သိရပါတယ်။

Moe Sat's Facebook
Moe Sat's Facebook
Moe Sat's Facebook
Moe Sat's Facebook
Moe Sat's Facebook
Moe Sat's Facebook

လူရွှင်တော်မိုးစက်လှူဒါန်းပေးလိုက်တဲ့ အလှူလေးကတော့ တကယ်ကို အားရစရာကြီးပါနော်။ ငွေကျပ်တစ်ယောက်ကို တစ်သိန်းဆိုတာကြောင့် အဘိုးအဘွားတွေအတွက်တော့ အချိန်အတိုင်းအတာလေး တစ်ခုလောက်ထိ ကို အသက်ရှူချောင်သွားစေမှာပါ။ နောက်ထပ်လည်း လူရွှင်တော်မိုးစက်တစ်ယောက် အလှူရှင်တွေအများကြီးကိုယ်စား ထပ်မံလှူဒါန်းပေးနိုင်ဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်နော်။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T