လူငယ်တွေ အရမ်းကြိုက်ကြရတဲ့ ကိုရေမွန်တစ်ယောက် ၂၀၂၁၊ ဇွန် ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တာမို့ ခုဆို ၇ လ ပြည့်သွားပါပြီ။ ဘာလိုလိုနဲ့ အချိန်က ခဏလေးနော်။

ဒီနေ့မှာတော့ သူ့ကို ချစ်တဲ့ ကျန်ရစ်သူ မိသားစု မေမေ ဒေါ်ခင်မြတ်မွန်နဲ့ ညီမလေး လပြည့်ကဗျာက ၇ လပြည့် ရည်စူးကုသိုလ် ပြုလုပ်ခဲ့ပါတယ်။

သဒ္ဓမ္မဝံသဗိုလ်ရုံကျောင်း အမည်ရှိ ဘုန်းကြီးကျောင်းမှာ ကုဋီတွေ ပျက်စီးနေလို့ ပြုပြင်ရန် ကျပ် ၃၀၀၀၀ ကို လှူဒါန်းခဲ့ပါတယ်။ လိုအပ်နေတဲ့အချိန်မှာ လိုအပ်သူကို လှူရတဲ့ ကာလဒါနလေးမို့ အင်မတန် ကြည်နူးစရာပါ။

ဒီလို လှူဒါန်းရခြင်း အကျိုးကြောင့် ကိုရေမွန်တစ်ယောက် နတ်ဘုံနတ်နန်းပိုင်ဆိုင်ရပါစေ ဆိုပြီး လပြည့်ကဗျာရဲ့ facebook မှာ ဆုတောင်းထားပါတယ်။ ကို ရေမွန်ကို လွမ်းနေတဲ့ ပရိသတ်ကြီးလည်း သီချင်းလေးတွေ ပြန်နားထောင်ရင်း အလွမ်းဖြေလိုက်ပါနော်။
Credit - La Pyae Kabyar facebook





