PlayStation ကိုတီထွင်သူ ကန်ကုတရာဂီဟာ လတ်တလောက Bloomberg နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ VR အကြောင်းနဲ့ Metaverse အကြောင်း သူြသဘောထားကိုထုတ်ပြောခဲ့ပါတယ် VR တွေဟာ ကမ္ဘာအစစ်နဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကို တပေါင်းတည်းဖြစ်သွားအောင် လုပ်ပေးနေတာထက် နှစ်ခုကိုပိုသီးခြားဖြစ်သွားအောင် လုပ်နေသလိုခံစားရပါတယ်လို့ ပြောခဲ့ပါတယ်

“တကယ့်ကမ္ဘာအစစ်မှာရှိဖို့က အများကြီးအရေးကြီးပါတယ် ဒါပေမဲ့ metaverse ကတော့ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ တဝက်တပျက်အစ်အမှန်ပုံစံဖမ်းထားတယ် ဘာလို့အဲ့လိုလုပ်နေရလဲဆိုတာ နားမလည်နိုင်ဘူး”လို့ပြောခဲ့ပါတယ်
“ကိုယ့်အစစ်အမှန်အတိုင်းမနေပဲနဲ့ အလှဆင်ထားတဲ့ ဇာတ်ကောင်တစ်ကောင်ပုံစံနေမလို့လား အဲ့လိုမျိုးက ဘယ်ကစာပို့နေမှန်းမသိတဲ့ messageboard site တွေနဲ့ဘယ်ခြားတော့မလဲ”လို့ထပ်ပြောပါသေးတယ် လက်ရှိသူဟာ Ascent Robotics Inc., မှာ ဉာဏ်ရည်တုပိုင်းကို တာဝန်ယူလုပ်ကိုင်နေသူဖြစ်ပါတယ်

သူတို့ဟာ တကယ့်ကမ္ဘာနဲ့ ဒစ်ဂျစ်တယ်ကမ္ဘာကို အတူတူဖြစ်အောင် ကြိုးစားနေကြသူတွေပါ ဒါပေမဲ့ VR လို Headset မျိုးနဲ့မဟုတ်ပဲ Star Wars ဟောလိုဂရမ်လိုနည်းပညာကို အသုံးပြုနေကြတာပါ “Headset တွေနဲ့ဆို တကယ့်ကမ္ဘာကနေသီးခြားကြီးဖြစ်သွားလိမ့်မယ် ကျွန်တော်တော့အဲ့လိုသဘောမတူနိုင်ဘူး Headset တွေကတကယ်အမြင်ကပ်စရာတွေပါ”လို့ပြောခဲ့ပါတယ်

VR တွေကနည်းနည်းတော့ ကို့ရို့ကားယားနိုင်တယ်ဆိုပေမဲ့ VR Chat တို့ဘာတို့မှာတော့ ကစားသူတွေအချင်းချင်း ဆက်သွယ်နိုင်မဲ့ ဒစ်ဂျစ်တယ်နေရာတွေရှိပါတယ် မသန်စွမ်းသူတွေ နာတာရှည်ရောဂါဖြစ်နေသူတွေအတွက်တော့ ဒါတွေကပိုပြီး အထောက်အကူဖြစ်စေမှာပါ အထူးသဖြင့်အိမ်ကနေမထွက်နိုင်တဲ့ ဒီလိုကာလမျိုးမှာဆိုရင် ပိုကောင်းပါတယ်
ဒါပေမဲ့ ကုတရာဂီရဲ့ ဟောလိုဂရမ်ကရော VR Headset တွေကရော သူ့နေရာနဲ့သူအသုံးဝင်ကြပါတယ် လူတစ်ယောက့်တစ်ယောက်လည်း အကြိုက်မတူကြတာကြောင့် ပုံစံမျိုးစုံနဲ့ Metaverse တွေထပ်ပေါ်လာဦးမှာပါ