K-pop Industry မှာသာမက တစ်ကမ္ဘာလုံးမှာ ပရိသတ်တွေအများအပြားကို ပိုင်ဆိုင်ထားတဲ့ BTS အဖွဲ့ဟာ ပထမဆုံးဆိုတဲ့ စံချိန်တွေအများကြီးကို ချိုးနိုင်ထားသူတွေဖြစ်ပြီး ခုလည်းနောက်ထပ်ပထမဆုံး ဂုဏ်ပုဒ်တစ်ခုကိုယူသွားပြန်ပါပြီ
BTS အဖွဲ့ဟာဂျပန်ရဲ့ LINE MUSIC ပေါ်မှာ Follower တစ်သန်းပြည့်သွားတာဖြစ်ပါတယ် ဒါကြောင့်သူတို့ဟာ ဒီ Platform ပေါ်မှာပထမဆုံး Follower တစ်သန်းပြည့်တဲ့ K-pop အဖွဲ့ဖြစ်လာခဲ့ပါတယ် ဒါဟာတခြား K-pop အဖွဲ့တွေအများကြီးကို ကျော်တက်သွားတဲ့ပမာဏပါ
LINE MUSIC ဟာဂျပန်နိုင်ငံရဲ့အကြီးဆုံးနဲ့ အဓိကအကျဆုံး သီချင်း Streaming Service တစ်ခုဖြစ်ပါတယ် အဲ့လို Platform ကြီးပေါ်မှာ အောင်မြင်မူရရှိခဲ့တာဖြစ်ပါတယ်
TWICE အဖွဲ့ဟာ ဂျပန် LINE MUSIC ပေါ်မှာ ပထမဆုံး Follower ကိုးသိန်းခွဲရခဲ့တဲ့ K-pop အဖွဲ့ဖြစ်ပါတယ် BTS ကအဲ့ဒီစံချိန်ကိုချိုးဖျက်ပြီး Follower တစ်သန်းရလာတာပါ ဂျပန် LINE MUSIC ပေါ်မှာအခု BTS က Follower တစ်သန်း TWICE က Follower ကိုးသိန်းကိုးသောင်းနဲ့ BIGBANG အဖွဲ့က Follower ငါးသိန်းကိုးသောင်းအသီးသီးနဲ့ရပ်တည်နေကြပါတယ်