နည်းပညာခေတ်မှာ ဒီဝင်နေတဲ့ လူငယ်တွေ ဘာကြောင့် များလာရတာလဲ

//s9.kh1.co/8b/8bf8af609dba1f92b66fd318ff6196b5ae2e4e78.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၁-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဒီပျက်ရှင် ကောင်ဆိုးလေး မဖြစ်အောင် နေထိုင်နည်း

၂၀၂၀၊ ၂၀၂၁ ဟာ ဆက်တိုက် အမှောင်ကျနေတဲ့ နှစ်တွေပါ။ မြန်မာနိုင်ငံမှာ ဒီနှစ်ပိုင်းတွေထဲ စိတ်ထိခိုက်ရ၊ စိတ်ကျန်းမာရေး ချို့တဲ့သူ များလာတာမို့ လူတွေက စိတ်ပညာ၊ စိတ်ရောဂါနဲ့ ဒီပရက်ရှင်အကြောင်း ကျယ်ကျယ်လောင်လောင် ပြောလာကြပါတယ်။ တကယ်တော့ နည်းပညာတွေ အရမ်းတိုးတက်လာကတည်းက လူငယ်အများစုမှာ ဒီပြဿနာ ကြုံလာရတာပါ။ ဒီဝင်တယ်၊ ဒီပျက်ရှင် ကောင်ဆိုးလေး စသဖြင့် ခေါ်ဝေါ်နေကြပြီး တချို့တွေအတွက်က ဘဝကိုပါ ထိခိုက်စေနိုင်တဲ့အထိ ဖြစ်လာနေပါပြီ။ ဒါဆိုရင် နည်းပညာနဲ့ ဒီပျက်ရှင်က ဘယ်လို ဆက်စပ်နေလဲ၊ ဒီမဝင်အောင် ဘယ်လိုနေမလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်။

©google
©google

ဦးနှောက်ထဲမှာ chemical လေးတွေ အများကြီးရှိတဲ့အနက် စိတ်ကျန်းမာရေးအတွက် အရေးကြီးတာ တစ်ခုက ဒိုပါမင်း (Dopamine) လို့ ခေါ်တဲ့ ဟော်မုန်းလေး ဖြစ်ပါတယ်။ အဲဒီ ဒိုပါမင်းဟာ တစ်နေ့တာ ရှင်သန်လှုပ်ရှားဖို့ စိတ်ခွန်အား၊ စိတ်လှုပ်ရှားမှုနဲ့ စိတ်အားထက်သန်မှုလေးတွေ ဖြစ်စေပါတယ်။ ဒိုပါမင်း ပုံမှန်ရှိနေတဲ့လူက ပုံမှန်ပဲ သွားလာစားသောက်မယ်၊ ပျော်စရာရှိပျော်မယ်၊ ငိုစရာရှိ ငိုမယ်၊ လူသားဆန်မယ်ပေါ့။ အဲဒီ ဓာတ်နည်းနေရင်တော့ စိတ်ကျလာတယ်၊ စိုးရိမ်စိတ်တွေ များလာတယ်၊ အာရုံနောက်သလို ပျင်းသလိုလိုတွေ ဖြစ်လာပါတယ်။ ဒါဆိုရင် ဒိုပါမင်းကို နည်းစေတဲ့အချက်တွေ၊ များစေတဲ့ အချက်တွေက ဘာတွေ ဖြစ်မလဲ။

©Google
©Google

ခွန်အားစိုက်ထုတ်စရာ မလိုဘဲ အလိုအလျောက် စိတ်သာယာစေတဲ့ အပြုအမူတွေဟာ ဒိုပါမင်းကို လျော့နည်းစေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ အဲဒီအပြုအမူတွေက...

1. အိပ်ရာနိုးနိုးချင်း ဖုန်းကြည့်တာ၊ နိုတီတက်နေလား အမြဲ စစ်နေမိတာ၊ ဆိုရှယ်မီဒီယာ အသုံးများတာ

2. လောင်းကစား နဲ့ အရက်

3. အပြာရုပ်ရှင်ကြည့်တာ

4. အဆင်သင့်အစားအစာများ 

5. စျေးဝယ်ထွက်တာ 

စတာတွေ ပါဝင်ပါတယ်။ ဒါဆို ဒီအပြုအမူတွေဟာ လူတိုင်း မကင်းနိုင်တာတွေ ဖြစ်နေပြီ။ အတတ်နိုင်ဆုံး လျှော့ပြီး ဒိုပါမင်း တိုးစေတာလေးတွေ ပိုလုပ်ရအောင်။

©google
©google

လှုပ်လှုပ်ရှားရှားနဲ့ ခွန်အား သုံးရတဲ့ လုပ်ဆောင်ချက်လေးတွေ၊ အာရုံစူးစိုက်မှု ကောင်းရတဲ့ အလုပ်တွေကကျတော့ ဒိုပါမင်းကို များစေပါတယ်။ ဥပမာ...

1. သီချင်းလေးတွေ၊ podcast တွေ နားထောင်တာ

2. လေ့ကျင့်ခန်း လုပ်တာ၊ အိမ်သန့်ရှင်းရေး လုပ်တာ

3. စာဖတ်တာ

4. ဟင်းချက်တာ

5. ချစ်ခင်ရသူတွေနဲ့ တွေ့ဆုံ စကားပြောတာ

6. ရေအေးအေးလေးနဲ့ ချိုးတာ

7. နည်းပညာတွေ မသုံးဘဲ ခဏလောက် အနားယူတာ 

စတာတွေ ဖြစ်ပါတယ်။

©google
©google

အခုဆိုရင် စိတ်ကျေနပ်မှုရဖို့ အရေးကြီးတဲ့ ဒိုပါမင်းအကြောင်း သိသွားပြီမို့ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်ရင် ဒိုပါမင်းများစေမယ့်ဟာလေးတွေ များများ လုပ်ရအောင်နော်။

Ref : https://www.instagram.com/p/CY8-vKaqtur/?utm_medium=share_sheet

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T