လည်ပင်းက အရေပြားအတွန့်တွေ ဘာကြောင့်ဖြစ်လာတာလဲ

//s9.kh1.co/77/77a95b8bf311cbfd590c0b035c43d7ecd831a519.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၄-ပြီ-၂၀၂၄ ၁pm · လွန်ခဲ့သော ၁၆ ရက် က

လည်ပင်းက အရေပြားအတွန့်တွေ ဘာကြောင့်ဖြစ်လာတာလဲ

မျက်နှာကိုသေချာဂရုစိုက်တတ်တဲ့လူတစ်ချို့ဟာ လည်ပင်းကိုပါဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ရလာဒ်အနေနှင့် မျက်နှာအသားအရေဟာကောင်းမွန်ပြီး တင်းရင်းစိုပြေနေပေမဲ့ လည်ပင်းမှာအရေပြားအတွန့်တွေဖြစ်နေတာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုတွန့်ခြင်းဟာ အသက်အရွယ်ကြောင့်ဖြစ်လာရတာဖြစ်လို့ ကုသဖို့နည်းလမ်းမရှိသလို ရှိတဲ့နည်းလမ်းတွေကလည်း ငွေကြေးအကုန်အကျများလေ့ရှိပါတယ်။

https://s9.kh1.co/__image/w=564,h=634,q=100/81/81ed5c165e3737e912a292ca6ac4cb7836d517e4.jpg

ဒီလိုလည်ပင်းအရေတွန့်တာတွေရဲ့အဓိကအကြောင်းရင်းကတော့ နေရောင်ခြည်ကြောင့်ဖြစ်ပါတယ်။ နေရောင်ခြည်ဟာ အသားအရေရဲ့တင်းရင်းမှုကို ပြင်းပြင်းထန်ထန်လျော့ကျစေနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာလည်း အသားအရေကိုတင်းရင်းစေတဲ့ဓာတ်တွေလျော့ကျစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့သူတွေအများစုဟာ သာမာန်လူတွေထက် အရေတွန့်တာတွေပိုများနေတတ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=376,q=100/bc/bcd1230f36acee08e90bddcc7ec0d73d55a69f55.jpg

မကြာခဏလုပ်လေ့ရှိတဲ့အကျင့်တွေကနေပြီးလည်း ဒီလိုအရေတွန့်တာတွေဖြစ်တတ်ပါတယ်။ ဥပမာ ဖုန်းကိုငုံ့ကြည့်လေ့ရှိသူဟာလည်ပင်းကိုတစ်ဖြောင့်တည်းမထားတာကြောင့် အရေတွန့်တွေတော်တော်လေးဖြစ်လာမှာဖြစ်ပါတယ်။ ဒီလိုအလေ့အကျင့်အပြင် အရေတွန့်တာဟာ မျိုးရိုးဗီဇနှင့်လည်းသက်ဆိုင်ပါတယ်။ မျိုးရိုးထဲမှာ ဒီလိုအရေတွန့်တာများနေတယ်ဆိုရင် ကိုယ်တိုင်လည်း အလွယ်တကူအရေတွန့်တတ်ပါတယ်။ 

https://s9.kh1.co/__image/w=564,h=634,q=100/4f/4fcbb9ed7c107f1f3b8ffaa6050961a8c534b7d1.jpg
Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T