ချောကလက်ရောင်နှင့် တစ်ခြားအရောင်တွေကိုပေါင်းစပ်ထားတဲ့ ဆံပင်အရောင်များ

//s9.kh1.co/34/34aff3174c5cac8faf69bf08989dfe4b47d4b219.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၄-ပြီ-၂၀၂၄ ၁၁am · လွန်ခဲ့သော ၁၆ ရက် က

ချောကလက်ရောင်နှင့် တစ်ခြားအရောင်တွေကိုပေါင်းစပ်ထားတဲ့ ဆံပင်အရောင်များ

https://s9.kh1.co/__image/w=560,h=874,q=100/7d/7d91cc5cd19706c06f91ca24351572c90d9d3692.png

ချောကလက်ရောင်ဆံသားမှာ အဖြူရောင် သို့မဟုတ် အဝါရောင်ဖျော့တွေကို Highlight ဖောက်ထားခြင်းကလည်း ဆံသားကိုတောက်ပစေပြီးပိုပြီးချောမွေ့စေတဲ့ပုံပေါ်ပါတယ်။ ဆံပင်ရှည်ပြီးတော့ ဖြောင့်စင်းတဲ့ဆံပင်တွေရှိတယ်ဆိုရင် ဒီအရောင်ဟာအတော်လေးလှအောင်ကူညီပေးနိုင်မှာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=560,h=560,q=100/45/45d13b8562982bc85723c7f1c4a3c0ef56afaa8c.png

ချောကလက်အရင့်ရောင်ကို ရွှေအိုရောင်လိုမျိုးအရောင်နှင့် ရောစပ်ဆိုးခြင်းကလည်း ဆံသားကိုပိုပြီးပျော့ပြောင်းသယောင်ပေါ်စေပြီးတော့ ဆံပင်ပါးတဲ့သူတွေအတွက်ဆိုရင် အုံထူသလိုအသွင်အပြင်ကိုပါပေးနိုင်ပါတယ်။ အထူးသဖြင့် လှိုင်းတွန့်ကောက်ထားတဲ့ဆံပင်ရှည်တွေနှင့်လိုက်ဖက်တဲ့ အရောင်စပ်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=560,h=771,q=100/15/1514d9ebc9db671da179d2ce2b6835244e4a4032.png

ချောကလက်ရောင်နှင့် ချယ်ရီရောင်တို့ရဲ့ပေါင်းစပ်မှုကလည်း အတော်လေးမိန်းကလေးဆန်ပြီးတော့ လှတဲ့ပေါင်းစပ်မှုဖြစ်ပါတယ်။ ဒီလိုဆံပင်အရောင်ဟာ လူငယ်တွေတင်မကဘဲ သက်လတ်ပိုင်းအမျိုးသမီးတွေအတွက်ပါ အဆင်ပြေပြီး လှတဲ့ဆံပင်အရောင်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=560,h=610,q=100/e6/e62c9d6ae53c6efe6bc3a0ee25cb74a2b015bf02.png

ချောကလက်ရောင်နှင့် မဟော်ဂနီအရောင်ကိုမသိမသာရောစပ်ဆိုးထားတဲ့ ဒီလိုပေါင်းစပ်မှုအရောင်ကလည်း အရောင်ဆိုးချင်ပေမဲ့ သိသာတဲ့အရောင်မဆိုးချင်တဲ့သူတွေအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=570,h=753,q=100/fe/fea8499acfcc712808ab8978e096c03efec21ad7.png

ချောကလက်အရောင်နုကို ဘာအရောင်နှင့်မှမစပ်ဘဲ တစ်ခုလုံးဆိုးချတာကလည်း အနက်ရောင်နှင့်ဆင်တူပေမဲ့ အသားဝင်းစေပြီး မျက်နှာကိုပိုလင်းသွားစေနိုင်တဲ့အရောင်ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=560,h=759,q=100/04/04118e25e9b0f788e8f56c0a1b077e4174ccdcd5.png

ချောကလက်နှင့်နီညိုရောင်ပေါင်းစပ်မှုကလည်း ဆံပင်ရှည်တဲ့သူတွေအတွက်တော့ ရွေးချယ်သင့်တဲ့အရောင်ဖြစ်ပါတယ်။ ဆံသားကိုပိုနူးညံ့စေတဲ့အပြင် ပိုပြီးလည်း ပျော့ပျောင်းပုံပေါ်စေတဲ့အရောင်ဖြစ်ပါတယ်။ အရောင်ထွက်လှတာကြောင့် မိန်းကလေးဆန်ပြီး ကျက်သရေရှိတဲ့ အသွင်အပြင်ကိုဖြစ်စေနိုင်ပါတယ်။ 

Mary
Mery

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T