ပြောင်းလဲချိန်တန်ပြီလို့ သင့်ခန္ဓာကိုယ်က ပြောပြနေတဲ့အချက် ၃ ချက်

//s9.kh1.co/45/45c9abafc3ab2137d42926fd60f8ed79a3766def.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၀-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၂ နှစ် က

.

ခန္ဓာကိုယ်မှာ အ​နာတရဖြစ်တာကမှ မြင်လွယ်သိလွယ်ပြီး ကုနိုင်သေးတယ်။ စိတ်မှာဖြစ်တာတွေကတော့ အရမ်းသိမ်မွေ့နက်ရှိုင်းလို့ ထိလွယ်ရှလွယ်ပါတယ်။ များသောအားဖြင့် မသိကြတာလည်း များတာမို့ စိတ်ဒဏ်ရာတွေဟာ အကြာကြီး ရှိနေပြီး တစ်ခုပြီးတစ်ခု ထပ်ထပ်ရနေတတ်ပါတယ်။ များလာပြီဆိုမှပဲ သတိထားမိတာမျိုးပါ။ အခုပြောပြမယ့် အချက် ၃ ချက်ထဲက တစ်ခုခုနဲ့ ငြိနေပြီဆိုရင်တော့ စိတ်မှာ ဒဏ်ရာတွေရှိနေပြီ၊ ကိုယ့်စိတ်နဲ့ နေထိုင်ပြုမူပုံတွေကို ပြောင်းလဲသင့်ပြီလို့ Psychology Today က ပြောပါတယ်။ အဲဒီအချက်တွေက...

©Psychology Today
©Psychology Today

1. ဘဝမှာ ပျော်စရာ၊ ထူးဆန်းအံ့သြဖွယ်ရာတွေ မရှိတော့ခြင်း

နေ့ရက်တွေဟာ ပုံသေဖြစ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ပုံစံခွက်ထဲ ပိတ်မိသလို ခံစားလာရတယ်။ ဘယ်အချိန်ဖြစ်ဖြစ် တသမတ်တည်း ခံစားနေရပြီး မျှော်လင့်စရာ ဘာမှ မရှိနေတော့တာကို ပြောတာပါ။

©google
©google

2. ကာလကြာရှည် စိတ်ဖိစီးနေခြင်း

ပုံမှန်လုပ်နေကျ အလုပ်ကလေးတွေ လုပ်ရတာတောင် အရမ်းပင်ပန်းလာတယ်။ အိမ်သန့်ရှင်းရေးလုပ်တာ၊ စျေးဝယ်တာ၊ အမျိုးတွေ သူငယ်ချင်းတွေနဲ့ တွေ့တာ စတာတွေကို လုပ်ဖို့ စိတ်မပါတော့တာမျိုးပါ။

©google
©google

3. အမြဲလိုလို စိတ်ပျက်လက်ပျက် ဖြစ်နေခြင်း

လူတိုင်း၊ အရာတိုင်းက ကိုယ့်ကို စိတ်ပျက်စေတယ်။ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်၊ တက်ကြွနေအောင် ဟန်ဆောင်နေနေရင်တောင်မှ စိတ်ပျက်မှုကြီးကို ခံစားနေရတုန်းပဲ။

အဲဒီ အချက် ၃ ချက်ထဲက တစ်ခုခုနဲ့ တိုက်ဆိုင်နေပြီဆိုရင် ဒါက စိတ်မှာ ဒဏ်ရာတစ်ခုခု ရှိနေပြီဆိုတာ ပြောပြနေပါတယ်။ များသောအားဖြင့် ချစ်သူ ခင်သူ တစ်ဦးဦးကို ဆုံးရှုံးရတာ၊ အလုပ်အကိုင် ငွေကြေး အဆင်မပြေတာ၊ အသက်အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတာ စတဲ့ စိတ်မချမ်းမြေ့ဖွယ် အခြေအနေနဲ့ ကြုံပြီးတဲ့နောက် ဒီလို ဖြစ်တတ်ပါတယ်။ ကိုယ့်မှာ ကြုံလာရရင်တော့ ဒီအတိုင်းဆက်မနေဘဲ lifestyle ပြောင်းလဲဖို့ အကြံပြုလိုပါတယ်။ ကိုယ့်မှာ ဘာတွေကြုံခဲ့ရလဲ၊ ကိုယ် ဖြသ်ချင်တာကဘာလဲ၊ အခုရောက်နေတဲ့ နေရာမှာ ဘာတွေ ဖြစ်နေလဲ ပြန်သုံးသပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုပါ။ သင်လည်း ချစ်ခြင်း၊ ဂရုစိုက်ခြင်းတွေနဲ့ ထိုက်တန်ပါတယ်။ 

မှတ်ချက်။  ။ လိုအပ်လျှင် ဆရာဝန်များ၊ ပညာရှင်များထံမှ အကြံဥာဏ် ရယူပါ။

Ref : Psychology Today

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T