ချစ်စရာကောင်းတဲ့ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးလာကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ နော်ဖော်အယ်ထား

//s9.kh1.co/fd/fdf0536052e525fac78a9668ac0c58921326167a.jpg
အနုပညာရှင်များ

 ၁၉-ဇန်-၂၀၂၂ ၂pm · လွန်ခဲ့သော ၃ နှစ် က

ချစ်စရာကောင်းတဲ့ပုံလေးတွေနဲ့ မွေးနေ့ဆုတောင်းပေးလာကြသူများအားလုံးကို ကျေးဇူးတင်ကြောင်းပြောလိုက်တဲ့ နော်ဖော်အယ်ထား

ဒီကနေ့ဟာဆိုရင် ဘယ်အချိန်ချိန်ကြည့်ကြည့် အေးချမ်းသွားစေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် နော်ဖော်အယ်ထားရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ နော်ဖော်အယ်ထားဟာ ဇန်နဝါရီလ ၁၉ ရက်နေ့ ၊ ၁၉၉၆ခုနှစ်မှာ မွေးဖွားခဲ့တာကြောင့် သူမရဲ့ အသက်ဟာဆိုရင် ၂၆ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။

Naw Phaw Eh Htar's Facebook
Naw Phaw Eh Htar's Facebook
Naw Phaw Eh Htar's Facebook
Naw Phaw Eh Htar's Facebook

နော်ဖော်အယ်ထားဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမှန်တရားရဲ့နောက်ကွယ် “The Missing Truth” ဆိုတဲ့ ဇာတ်လမ်းနဲ့ လူသိများလာခဲ့တာပဲဖြစ်ပါတယ်။ ချစ်ဖို့ကောင်းတဲ့ မျက်နှာပုံစံလေးနဲ့ အမြဲတမ်းကြည်လင်နေတဲ့မျက်နှာလေးကြောင့်လည်း နော်ဖော်ကို ချစ်တဲ့သူတွေအရမ်းကို များပါတယ်။ ဒီကနေ့မှာတော့ ပရိသတ်တွေက နော်ဖော်ရဲ့ မွေးနေ့လေးအတွက် ဝိုင်းဝန်းပြီးဆုတောင်းပေးထားကြပါတယ်။

Naw Phaw Eh Htar's Facebook
Naw Phaw Eh Htar's Facebook
Naw Phaw Eh Htar's Facebook
Naw Phaw Eh Htar's Facebook

ဒါကြောင့် နော်ဖော်တစ်ယောက် သူမကိုမွေးနေ့ဆုတောင်းပေးထားကြတဲ့သူတွေကို ဓာတ်ပုံလေးတွေနဲ့တကွ ကျေးဇူးတင်ကြောင်းလေး ပြောလာတာပဲဖြစ်ပါတယ်။ဓာတ်ပုံလေးထဲမှာဆိုရင် နော်ဖော်တစ်ယောက်ရိုးရှင်းတဲ့ အင်္ကျီလေးနဲ့ဘောင်းဘီရှည် အနက်ရောင် လေးကို ဝတ်ထားပြီး လယ်ကွင်းပြင်ကြီးကို ကျောခိုင်းထားတာဖြစ်ပါတယ်။

Naw Phaw Eh Htar's Facebook
Naw Phaw Eh Htar's Facebook

နောက်ခံရှုခင်းနဲ့ နော်ဖော်ရဲ့ အေးချမ်းတဲ့အလှတရား ပေါင်းစပ်သွားပြီးတဲ့နောက်မှာတော့ ပုံလေးတွေက အရမ်းကို လှလွန်းနေပါတယ်နော်။ ဟက်ပီဘက်ဒေးပါနော်ဖော်ရေ .. ပျော်စရာကောင်းသော မွေးနေ့လေးကို ရရှိပိုင်ဆိုင်နိုင်ပါစေနော် ။

Hsu Sandar Aung
Maria Emily Hsu

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T