သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ အမြဲခန္ဓာကိုယ်ထိန်းသိမ်းကာ Gym အမြဲဆော့နေကျ မင်းသမီးတစ်လက်ဖြစ်တာကြောင့် ဆွဲဆောင်မှုရှိပြီး ရုပ်ရည်ရူပကာကလည်း ပြောစရာမလိုအောင် လှပသူတစ်ယောက်ပါ။ သင်ဇာက ပုရိသ ပရိသတ်တွေကြားမှာ လည်း နာမည်ကြီးပြီး မိန်းကလေးပရိသတ်တွေကြားမှာပါ အားကျခြင်းခံရသူဖြစ်လေးဖြစ်ပါတယ်။


ဘာသာတရားကိုင်းရှိုင်းပြီး အလှူအတန်းတွေ အမြဲလုပ်တတ်တဲ့ သင်ဇာကတော့ မောင်နှမတွေနဲ့ ပျော်ပျော်နေတတ်သူလေးလဲ ဖြစ်ပါတယ်။ ဘဝကို အပွင့်လင်းဆုံးဖြတ်သန်းသလို ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ပတ်သက်ရင်လည်း ဖုံးကွယ်ထားခြင်းမရှိတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့မိသားစုနဲ့လည်း ပရိသတ်တွေကို မိတ်ဆက်ပေးပြီးသားဖြစ်ပါတယ်။


ဒီတစ်ခါမှာလည်း "1994 vs 2022
28 years later....
#ဥသုံးလုံး ? ? ? ?
#Sibling ??????" ဆိုတဲ့ စာသားလေးနဲ့အတူ သူတို့မောင်နှမတွေ ငယ်ငယ်ကရိုက်ကူးခဲ့တဲ့ ပုံလေးနဲ့ အခုလက်ရှိပုံလေးကို ယှဉ်ပြီးတော့ သင်ဇာရဲ့မောင်လေး ညီဆက်ကျော်က မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ သင်ဇာတို့ မောင်နှမတွေကတော့ ငယ်ငယ်ကတည်းကနေ အခုအထိ လုံးဝမပြောင်းလဲပဲ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတာ ဖြစ်ပါတယ်။


Source : Nyi Sat Kyaw's Facebook Acc





