မြန်မာနိုင်ငံမှာ ပထမဦးဆုံးထုတ်လွှင့်ပြသခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲ "ဆောင်းဦးရွက်ကြွေချစ်သက်သေ" ဇာတ်ကားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဇာတ်လမ်းတွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဇာတ်ကားထဲက အဓိကမင်းသားဇာတ်ဆောင် ဂျွန်စော ဆိုတာနဲ့ ကိုရီးယားကြိုက်နှစ်သက်တဲ့သူတိုင်း မသိတဲ့လူမရှိသလောက်ပါပဲ။


ဂျွန်စောလို့ မြန်မာပရိသတ်တွေသိကြတဲ့ မင်းသားဆောင်းဆန်ဟွန်းကတော့ လက်ရှိမှာ အသက် (၄၅) နှစ်ကျော် ရှိပြီဖြစ်ပေမယ့် ခန့်ညားနေဆဲဖြစ်ပြီး မိန်းကလေးတွေရဲ့ အသည်းကို သိမ်းပိုက်ထားနိုင်ဆဲပဲ ဖြစ်ပါတယ်။


မအိုဆေးတွေများ စားထားသလားလို့တောင် နုပျိုနေတဲ့ Song Seung Heon က သူရဲ့ အနုပညာလှုပ်ရှားမှုတွေ၊ နေ့စဉ် Activity လေးတွေကို Instagram အကောင့်ကနေတဆင့် ပရိသတ်တွေကို အမြဲမျှဝေပေးလေ့ရှိပါတယ်။ ဒီတစ်ခါမှာလည်း ajeossi က သူ Gym ဆော့ပြီး တောင့်တင်းသန်မာတဲ့ ကြွက်သားတွေထွက်နေတဲ့ ပုံတွေနဲ့ ကောင်မလေးတွေအသည်းကို ခြွေချသွားတာပဲ ဖြစ်ပါတယ်။




Source : songseungheon1005's IG Acc